ဒီနေ့ကတော့ လင်းဇာနည်ဇော်ရဲ့ မွေးနေ့ပါ။

မေမေ လင်းဇာနည်ဇော်အတွက် သမီးလေး မြူလင်းကိုကိုက မွေးနေ့ဆုတောင်းစကားတွေ ပြောလာပါတယ်။ သူမကတော့ အခုဆိုရင် သြစတေးလျနိုင်ငံ University of Technology Sydney ကျောင်းမှာ ပညာသင်ကြားနေတာပါ။

Photo: မြူလင်းကိုကို



ဇူလိုင်လ ၁၉ ရက်နေ့ကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကိုက မေမေ့အတွက် မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ်။

‘’ Happy Birthday ပါ အမေ။ အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ သမီးအရှေ့မှာ လွတ်လပ်ပေါ့ပါးတဲ့အမေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမေအဖြစ် ရပ်တည်ပေးနိုင်ခဲ့တာတွေကို ဂုဏ်ယူလို့ မဆုံးပါဘူး။ အရမ်းချစ်တယ်။ (Thank you for always staying by my side and I am so very proud to watch you grow up into a strong and independent woman that you are today. Love you always)’’ ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: မြူလင်းကိုကို

လင်းဇာနည်ဇော် ရဲ့ သမီးလေး မြူလင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေးပါ။ မြူလင်းကိုကိုဟာလည်း ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တချို့က အနုပညာအလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ မြူလင်းကိုကိုဟာ သြစတေးလျနိုင်ငံမှာရှိတဲ့ University of Technology Sydney ကျောင်းမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။

Photo: မြူလင်းကိုကို

ဒါပေမယ့် လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က