သူ ဘယ်လောက်ထိ အားပေးခဲ့တယ်ဆိုတာကို ပြောပြလာပါတယ်။

ရုပ်ရှင်မင်းသားကြီး ကျော်ဆွေရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ ဦးကျော်ဆွေဟာ တစ်ခေတ်တစ်ခါက မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အများကြီးပိုင်ဆိုင်ခဲ့ရတဲ့ မင်းသားချောတစ်ဦး ဖြစ်ပါတယ်။

Photo: Christna Kyi

ဒါရိုက်တာ ခရစ္စတီးနားခီဟာ ရှေးခေတ်တုန်းက မင်းသားကြီး ဦးကျော်ဆွေရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ အဖြူအမည်း ရုပ်ရှင်ကားတွေ ကြည့်ခဲ့ရတဲ့ ဝါသနာလေးက ငယ်ငယ်ကတည်းကပါပဲတဲ့။

‘’ငယ်ငယ်က တနင်္ဂနွေနေ့နေ့လယ် တစ်နာရီလောက်ဆို TV မှာ ရှေးရုပ်ရှင်တွေပြတိုင်း အဲ့ဒီ့အချိန်မတိုင်ခင် စာတွေဖိကျက်ပြပြီး ရုပ်ရှင်တွေကြည့်ခဲ့ရပါတယ်။ အဲ့အချိန်ထဲက အရမ်းကြိုက်ခဲ့တဲ့မင်းသားဟာ ဦးကျော်ဆွေဖြစ်နေခဲ့တယ်။ ဟိုနေ့က အဖေက ဖေဖေတို့ခေတ်တုန်းက မင်းသားကျော်ဆွေဆိုတာ... ဆိုပြီး ပြောပြသွားခဲ့တယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Myanmar Famous Star

အဲဒီနောက် ခရစ္စတီးနားခီဟာ ငယ်ငယ်ကတည်းက ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကြောင့် လက်ရှိ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ ဘဝက အမျိုးအစားတူနေခဲ့တယ်လို့ ဆိုပါတယ်။

’စကားများများမပြောတတ်တဲ့ ဖေဖေ ဘာပြောချင်တာ လည်းဆိုတာ ချက်ခြင်းသဘောပေါက်လိုက်ပါတယ်။ နောက်တော့ အန်ကယ်တို့ခေတ်တုန်းက ကျော်ဆွေဆိုတာ စသဖြင့် ကြားရပြန်တယ်။ဝမ်းသာမိတာက ဟိုးတုန်းထဲက ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်ပညာဟာ အခု ဒါရိုက်တာ ဖြစ်တဲ့အထိ အမျိုးအစား တူနေတာတွေ့လိုက်ရတယ်’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Myanmar Famous Star

ရုပ်ရှင်မင်းသားကြီး ဦးကျော်ဆွေဟာ ၁၉၄၅-၄၆ ခုနှစ်က ‘’ စောရစံရှား’’ ဆိုတဲ့ အသံတိတ် ရုပ်ရှင်ဇာတ်ကား ကနေစပြီး အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အေဝမ်းရုပ်ရှင်ထုတ်လုပ် ရေးနဲ့အတူ ‘’ဗိုလ်ချုပ်’’၊ ‘’တစ်သွေးတစ်မြေ’’ စတဲ့ ရုပ်ရှင်ကားတွေရိုက်ကူးပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ဗိုလ်အောင်ဒင်’’ ၊ ‘’ဖြေလျော့ခွေ’’၊ ‘’မင်းအောင် မင်းနောင်’’၊ ‘’ဖူးစာနှစ်ခိုင်’’ စတဲ့ ရုပ်ရှင်ကားတွေအပြင် နောက်ထပ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထားပါသေးတယ်။ မင်းသားကျော်ဆွေ တစ်ခေတ်ဖြစ်ခဲ့စဉ်က မိန်းမပျိုလေးတွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ဖြစ်ခဲ့ပါတယ်။


Photo: ခရစ္စတီးနားခီ

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ(Christna Kyi)ကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး မြန်မာနိုင်ငံမှ ပရိသတ်တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ ‘’မုဒြာရဲ့ခေါ်သံ’’ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီးကလည်း အောင်မြင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကို ဒါရိုက်တာ ခရစ္စတီးနားခီက သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု တို့နဲ့ ရိုက်ကူးပုံဖော်နေပါတယ်။



က္က