ရင်ထဲကို ဆွေးသွားတာပဲ။

သရုပ်ဆောင်နေတိုးဟာ မွေးရပ်မြေက ပရိသတ်တွေအတွက် လရောင်ချော့တေး သီချင်းလေးနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ အေးချမ်းလှတဲ့ လရောင်အောက်မှာ နေတိုးဆိုတဲ့ သီချင်းကို နားထောင်ရတာ ရင်ထဲမှာ ဆွေးမြေ့သွားတာပဲ။

Photo : ဉာဏ



သရုပ်ဆောင်ပိုင်းတင်မက သီချင်းဆိုတဲ့ ပိုင်းမှာလည်း ထူးချွန်တဲ့နေတိုးက မာန်အောင်က ပရိသတ်တွေကို လရောင်ချော့တေးလေးနဲ့ ဖျော်ဖြေခဲ့တာပါ။ ရခိုင်ပြည်နယ်၊ မာန်အောင်မှာရှိတဲ့ မဟာမုနိရှင်တော်မြတ်ဘုရားကြီး ဘုရားကအနေကဇာတင်လှူပွဲ ဖျော်ဖြေပွဲကြီးမှာ မာန်အောင်က ပရိသတ်တွေအတွက် အဲဒီသီချင်းလေးနဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။


Photo : ဉာဏ

 “လရောင်ချော့တေး” သီချင်းလေးဟာ “လရောင်ဖြာတဲ့အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး နေတိုးကိုယ်တိုင် သီဆိုခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ အဲဒီသီချင်းလေးနဲ့ နေတိုး ဖျော်ဖြေချိန်မှာ အောက်က ပရိသတ်တွေလည်း ငြိမ်သက်စွာ နားထောင်ခဲ့ကြပါတယ်။ လရောင်ချော့တေးလေးနဲ့ ဖျော်ဖြေခဲ့တဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဓာတ်ပုံဆရာ ကိုဉာဏရဲ့ ဖေ့စ်ဘွတ်မှာလည်း တင်ထားခဲ့ပါသေးတယ်။

“ဒီသီချင်းလေးဆိုမယ်လို့ ကြေငြာလိုက်တဲ့အချိန်မှာ စိတ်မကောင်းဖြစ်လို့ မရိုက်တော့ဘူးကွာဆိုပြီး နားထောင်နေခဲ့ပေမယ့် အမှတ်တရအနေနဲ့ ending လေးကို ရိုက်ခဲ့မိတယ်” ဆိုပြီး သူက ဧပြီ(၈) ရက်နေ့ ပြောထားပါသေးတယ်။

Photo : 7th sense

နေတိုးသီချင်းဆိုနေတဲ့ ဖိုင်လေးကိုကြည့်ပြီး ပရိသတ်တွေကလည်း မင်းသွေးကို သတိရလို့နေကြပါတယ်။ သီချင်းကလည်း အဆွေးသီချင်းလေးဖြစ်သလို နေတိုးဆိုနေတာကို ကြည့်ပြီး မင်းသွေးရဲ့ ပရိသတ်တွေအနေနဲ့ မင်းသွေးကိုပိုပြီး သတိရစေခဲ့ပါတယ်။ နေတိုးဟာ ဧပြီ(၄)ရက်နေ့ကတည်းက ရခိုင်ကို ရောက်ရှိနေတာဖြစ်ပြီး ညီလေး မင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားကြီးကို ကနေကဇာတင်လှူပွဲကို မိသားစုနဲ့အတူ ဆောင်ရွက်ပေးခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

Photo : 7th sense

ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က