ဒီတစ်ခေါက်အလှူမှာ မပါဝင်ဖြစ်ခဲ့ဘူး။

G- Fatt ဟာ မန္တလေးမှာရှိတဲ့ We Love လေးတွေရဲ့ အလှူမှာ ကိုယ်တိုင်မပါဝင်နိုင်ခဲ့တာကြောင့် အဝေးကနေ ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

Photo: G Fatt

မန္တလေးမှာ ရှိတဲ့ G Fatt ရဲ့ ပရိသတ်တွေက We Love G Fatt နာမည်နဲ့ မန္တလေးက မျက်မမြင်ကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပညာရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ကူညီပေးနိုင်ဖို့အတွက် အလှူငွေ တစ်သိန်းတစ်သောင်း လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအလှူလေးအတွက် G Fatt ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’မန္တလေးက ကျွန်တော့် ပရိသတ် တချို့ ဒီအလှူလေးလုပ်ကြတယ်တဲ့။ ဒီလိုအလှူတွေ လုပ်ကြတဲ့အခါ ကျွန်တော်ကြိုသိရတာများပါတယ် ဒါပေမယ့် မလာနိုင်ခဲ့တာတွေလည်းရှိတယ်။ လာနိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ခဲ့ကြတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အခုလို သူငယ်ချင်းတွေစုပြီး (နည်းနည်း/များများ)ကုသိုလ်ရေးတွေလုပ်ကြတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီအလှူမှာ ပါဝင်ကြသော WLGF တွေ သာဓုပါခင်ဗျ

’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ ည ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: G Fatt

G-Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ်ယောက်ပါ။ သူကိုယ်တိုင်ကလည်း ပရိသတ်တွေအပေါ် အလေးအနက်ထား ချစ်ချစ်ခင်ခင်နေထိုင်တာဖြစ်ပြီး မကြာခဏ We Love တွေနဲ့ အတူ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ G- Fatt ကတော့ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Photo: G Fatt

G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။ 

Share

Loading Next Article...
က္က