loading...

loading...

loading...

ရန်ပုံငွေရဖို့အတွက်ပါတဲ့။
Ei Ei Myat

ဒါရိုက်တာ စင်ရော်မောင်မောင်က သရုပ်ဆောင် မေသန်းနု အပြင်ပြန်ထွက်လာနိုင်ရေးနဲ့  မေသန်းနု့ရဲ့ အခက်အခဲတွေကို အမြန်ဆုံး ဖြေရှင်းနိုင်းရေးအတွက်  အင်တိုက်အားတိုက် ကြိုးစားပေးနေတာ တွေ့ရပါတယ်။

Photo : စင်ရော်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်က မေသန်းနုရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ကူညီဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ အခုလည်း သရုပ်ဆောင် မေသန်းနုအတွက်  ရည်ရွယ်ပြီး ဇာတ်ကား တစ်ကားရိုက်ကူးပေးဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရန်ပုံငွေ ဇာတ်ကားဖြစ်တယ်လို့လည်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောထားပါသေးတယ်။

“တစ်လ ကျော်ကျော် နောက်ကျ သွား သော အ လုပ် ကို အ စ ဆုံး အ သစ် ပြန် စ ခဲ့ ရ ပြီ.. မေ သန်း နု အ တွက် ရံ ပုံ ငွေ ဇာတ် ကား ပါ.. မြေ နိမ့် ရာ လှံ စိုက် ကြ တဲ့ အ ထဲ မှာ မ ပါ တဲ့ သူ တွေ အ များ ကြီး ရှိ ပါ သည်.. ပို ကြိုး စား ရ တာ ပေါ့..” ဆိုပြိး မတ်လ(၇) ရက်နေ့ညက  သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

စင်ရော်မောင်မောင် ရိုက်ကူးမယ့် ဇာတ်ကားမှာ အနုပညာအသိုင်းအဝိုင်းထဲက တချို့သော သရုပ်ဆောင်များကလည်း ဝိုင်းဝန်းကူညီပေးမယ်ဆိုပြီး မှတ်ချက်စကားတွေ ဆိုထားကြပါသေးတယ်။

Photo : စင်ရော်မောင်မောင်

သရုပ်ဆောင် မေသန်းနုကတော့ အပြစ်ဒဏ်ခံနေရတဲ့အချိန်မှာ ကျန်းမာရေး တော်တော်လေး ထိခိုက်နေတယ်လို့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။ ဒါပေမယ့် မဆင့်က ဘုရား၊ တရားတော့ အမြဲတမ်း လုပ်နေတယ်လို့ ဆိုပါတယ်။ 

“မဆင့်ရဲ့ ကျန်းမာရေးအခြေအနေကတော့ နည်းနည်းကျလာတယ်။ ကျွန်တော် သွားတွေ့တုန်းကလည်း သူ့မျက်နှာ တော်တော်မကောင်းဘူး။ သူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒီကိစ္စတွေ ကြာလာတော့ သူ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ သူ့ကို သွားတွေ့တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်ရတဲ့အကြောင်းပြောတယ်။ သူ ထောင်ထဲမှာ တရားတွေထိုင်တယ်လို့ သူ့ထောင်ပိုင်တို့ ညွှန်မှူးတို့က ပြောတယ်။ ထောင်ထဲမှာတောင် သူ ဆွမ်းကျွေးတယ်လို့ ကြားတယ်။ ထောင်ထဲကလူတွေ ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ စောင့်ရှောက်ကြတယ်လို့လည်း ကျွန်တော်ကြားမိတယ်။ သို့သော် အကြာကြီးတော့ နေဖို့မကောင်းဘူးပေါ့နော်” လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo : စင်ရော်မောင်မောင်

စင်ရော်မောင်မောင်အနေနဲ့ သူချစ်တဲ့ သားလေးတစ်ယောက် ခံစားနေရတာတွေကို မကြည့်ရက်တော့တာကြောင့် မေသန်းနုရဲ့ အမှုကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချ ချခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စင်ရော်မောင်မောင်က  မေသန်းနုအတွက် အရှေ့ပိုင်းခရိုင်းတရားရုံးမှာ အယူခံဝင်ထားပေးတာကိုလည်းတွေ့ရပါတယ်။

မေသန်းနုက လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ထောင်ဒဏ် တစ်နှစ်ကျခံနေရပါတယ်။ သူမကို တရားစွဲဆိုထားတဲ့ ဒေါ်စန်းစန်းမြင့်ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

 

 

 


loading...

က္က