Covid ကြောင့် မိတ်ဆွေတွေကို မဖိတ်ကြားနိုင်ခဲ့ပါဘူး။

အဆိုတော် အိမ့်ချစ်နဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းလှိုင် တို့ဟာ နှစ်ဖက်မိသားစုဝင်တွေနဲ့ အတူ မင်္ဂလာဦး ဆွမ်းကျွေးပြုလုပ်ခဲ့ကြပါတယ်။

Photo: TwoNine Photography (Chit Maung Maung)



အဆိုတော် အိမ့်ချစ်ကတော့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းလှိုင်နဲ့ အတူ အေးချမ်းအောင်မြင် အုတ်ခွက် ဘုရားကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုခဲ့တယ်လို့ ဆိုပါတယ်။ 

"မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ (အခြေအနေအရ လှူဒါန်းမှုသာအဓိကမို့ မည်သူ့ကိုမျှ ဖိတ်ကြားခြင်းမပြုပဲ မိသားစုနဲ့သာဆွမ်းကပ်ခဲ့တာမို့)" ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: TwoNine Photography (Chit Maung Maung)

အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနေ့ကလည်း သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ အမှတ်တရ ဖြစ်ပါတယ်။ ဇွန်လ (၆) ရက်နေ့မှာတော့ ကိုဇော်ဝင်းလှိုင်နဲ့ အတူ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ မင်္ဂလာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ COVID-19 ကာလအတွင်း ဖြစ်တာကြောင့် မေလ အတွင်းက ပြုလုပ်မယ့် စေ့စပ်ပွဲကိုတောင် ဖျက်ခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ အိမ့်ချစ်တို့ စုံတွဲကတော့ ပရိသတ်တွေကြားမှာတော့ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲလဲဖြစ်ပါတယ်။ 

Photo: TwoNine Photography (Chit Maung Maung)

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က