ချစ်ဖို့ကောင်းတဲ့ စုံတွဲလေး။

ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် စုံတွဲထဲမှာ သူတို့စုံတွဲလေးကလည်း တစ်တွဲ အပါအဝင်ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ၊ ချစ်ခြင်းတရားတွေနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တာ အခုဆိုရင် (၉)လတိတိရှိသွားခဲ့ပါပြီ။

 

Photo : ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးက သြဂုတ်လ(၁၁) ရက်နေ့က အိမ်ထောင်သက်တမ်း (၉)လတိတိပြည့်သွားခဲ့ပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အိမ်ထောင်ရေးတစ်ခုလည်း ဖြစ်ပါတယ်။

အိမ်ထောင်သက်တမ်း (၉)လတိတိပြည့်တဲ့နေ့လေးမှာ ရွှေထူးက ရွှေမှုံအတွက် ကိတ်လေးနဲ့ ပန်းစည်းလေးပေးပြီး ယခုလို စကားလေး ပြောထားပါသေးတယ်။

“How Sweet Love U My Lovely Wife Happy Anniversary” ဆိုပြီး သြဂုတ်လ(၁၁) ရက်နေ့ညက ရေးသားထားပါတယ်။

Photo : ရွှေထူး

ရွှေမှုံဟာလည်း ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဘေးနားကနေ ပါရမီဖြည့်ပေးနေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ရွှေထူးအတွက်ကတော့ ရွှေမှုံကို ပိုင်ဆိုင်ထားရတာ အမေနဲ့တူတဲ့ မိန်းမကို ပိုင်ဆိုင်ထားရသလိုပါပဲလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

“ကျွန်တော်တစ်ခါတလေ သူ့ကို ပြောဖြစ်တယ်။ နင်ကင့ါအမေလိုပဲလို့။ဘာလို့လည်းဆိုတော့ ကျွန်တော်က ကျွန်တော့်အမေနဲ့တူတဲ့ မိန်းမကို ကျွန်တော်ရတယ်လို့ ထင်တယ်။ သူလုပ်ပေးတာလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အမေနဲ့ နှိုင်းယှဉ်ပြောတယ်။ ကျွန်တော်ညဘက် ဗိုက်တွေအောင့်လို့ ဆိုရင် အမေသားကို ဆေးလိမ်းပေးပါဦးဆို လိမ်းပေးတယ်။အဲ့လိုပဲ သူလည်း ကျွန်တော့်အတွက်ဆိုအိပ်နေတဲ့အချိန်ပြောတာတောင် ထလုပ်ပေးမယ်။ ဗိုက်ဆာတယ်ဆိုရင် အဆင်ပြေအောင် တစ်ခုခုထလုပ်ပေးတာမျိုးပေ့ါ။ ကျွန်တော့်အမေနဲ့တူတယ်သူက” ဆိုပြီး ဇန်နဝါရီ(၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shake the World ပွဲမှာ ဖြေဆိုပေးခဲ့တာပါ။

Photo : ရွှေထူး

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။

သူတို့နှစ်ဦးဆုံတွေ့မှုလေးကလည်း အရမ်းကို ဆန်းကြယ်လွန်းပါတယ်။ ဒါရိုက်တာညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဆုံတွေ့ခဲ့ကြတာ ဖြစ်ပြီး နောက်ပိုင်းမှာ ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။

အဲဒီနောက် ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal Hotel မှာ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

Photo : ရွှေထူး

၂၀၁၈ ခုနှစ် နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာ သူတို့နှစ်ဦး အနုပညာအလုပ်တွေ အတူတူ ဖန်တီးနေတာ တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က