loading...

loading...

loading...

အခုဆိုရင်တော့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
Sabal Thwin

စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင် တို့ကတော့ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်မှာ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ 

Photo: Sandy Myint Lwin

အဆိုတော် စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ မတ်လ ၄ ရက်နေ့က အိမ်ထောင်သက်တမ်း ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ ဘာသာရေးကို ပိုအလေးထားပြီးလုပ်ခဲ့တယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ 

"မင်္ဂလာ သက်တမ်း နှစ်နှစ်ပြည့်ခဲ့ပြီ။ မနေ့က နှစ်နှစ်ပြည့် anniversary ကို ရိုးရိုးရှင်းရှင်းပဲ နှစ်ယောက်ထဲကျင်းပခဲ့ပါတယ်။ မနက်ပိုင်း ဘုရားသွား အဓိဌာန်လုပ် ၊ ညဘက် ဒင်နာတူတူစားတစ်ယောက်နဲ့ တစ်ယောက်ကြားက အမှတ်တရတွေ ပြန်ပြောဖြစ်ခဲ့ကြတယ်။ နှစ်ယောက်လုံးရဲ့ ဘဝထဲမှာ Treasure တိုးလာပီဆိုတော့ အရင်လိုတော့ နုနုရွရွလေး ချစ်လို့တော့ မရတော့ဘူးပေါ့။ Anniversary လက်ဆောင်ကလည်း မရိုပေမဲ့ မုန့်ဖိုးပေးတဲ့ကိုကြီးဗိုလ်ကြီးကိုအရမ်းချစ်ပါတယ် ။ တစ်သက်လုံးတူတူဆက်ချစ်ကြရအောင်နော်" ဆိုပြီးတော့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Sandy Myint Lwin

ကိုသီဟလွင်နဲ့ အဆိုတော် စန္ဒီမြင့်လွင်တို့ဟာ ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့မှာတော့ Novotel Hotel မှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပန်းလှိုင်ဆေးရုံမှာ သမီးလေး ထရက်ရှာကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင်တော့ သမီးလေးဟာ ၁ နှစ်နဲ့ ၇ လအရွယ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ သူမဟာ သမီးလေးနဲ့ ပတ်သက်တဲ့ သီချင်းလည်း ဆိုဖို့ရှိသေးတယ်လို့မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က