အားကျဖို့ကောင်းလိုက်တာ။

သရုပ်ဆောင် ခိုင်သင်းကြည်တို့ ဇနီးမောင်နှံဟာ ဒီနေ့(ဧပြီ၂၄ရက်)မှာ အိမ်ထောင်သက် (၁၇)နှစ်ပြည့်လို့သွားခဲ့ပါပြီ။ နှစ်ပတ်လည်အလှူအဖြစ် ရွှေပြားသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ပါသေးတယ်။

Photo : ခိုင်သင်းကြည်



ချစ်ချင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ ခိုင်သင်းကြည်တို့ရဲ့ အိမ်ထောင်ရေးက အရမ်းကို သာယာလှပါတယ်။ ဒီနေ့(ဧပြီ၂၄ရက်)မှာ သူတို့ဇနီးမောင်နံှရဲ့ အိမ်ထောင်သက်တမ်းက(၁၇)နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အိမ်ထောင်သက် နှစ်ပတ်လည်နေ့လေးမှာလည်း မိသားစု အလှူလေး လုပ်ဖြစ်တယ်ဆိုပြီး ခိုင်းသင်းကြည်က ပြောထားပါတယ်။

Photo : ခိုင်သင်းကြည်

“တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာတွေ,နားလည်မှု့တွေ,ဂရုစိုက်မှူ့တွေနဲ့၁၇နှစ်တိုင်ခဲ့ပါပြီ Today is our 17th Anniversary ရည်းစားသက်၈နှစ်အိမ်ထောာင်သက်၁၇နှစ်မှာကိုယ့်ကိုအမြဲဦးစားပေးတက်ပြီးအခုအချိန်ထိအရင်တုန်းကလိုချစ်နေတုံးဘဲဆိုတာလည်းယုံပါတယ်အချစ်ရေ “နှစ်ပတ်လည်အလှူအဖြစ်" ဗိုလ်တစ်ထောင်စေတီတော်မြတ်ကြီး"မှာ ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ပါတယ်ရှင်” ဆိုပြီး ဧပြီ(၂၄) ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ခိုင်သင်းကြည်

ကိုခန့်နိုင်နဲ့ ခိုင်သင်းကြည်တို့ဟာ ချစ်သူသက်တမ်း (၈)နှစ်အကြာမှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာလည်း ပရိသတ်တွေ အားကျရတဲ့ အိမ်ထောင်ရေးလေး တစ်ခုပါ။ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေပြီး နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူမတို့ရဲ့ ဘဝလေးဟာ စံထိပ်ထားဦးဆိုတဲ့ သမီးလေးကြောင့် အရာရာ ပိုမိုလှပစေခဲ့ပါတယ်။

စံထိပ်ထားဦးကို ၂၀၀၃ ခုနှစ်က နိုဝင်ဘာ ၂၆ ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး အခုဆို သူမဟာ အသက်(၁၆)နှစ်ကျော် (၁၇)နှစ်ထဲ ရောက်လို့နေပါပြီ။ စံထိပ်ထားဦးက လက်ရှိမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူမဟာ ဂီတကို ဝါသနာပါသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : ခိုင်သင်းကြည်

သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ အနုပညာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က