၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ မင်္ဂလာလက်မှတ်ထိုးခဲ့ကြတာပါ။

အဆိုတော် စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူကိုသီဟလွင်တို့ ဇနီးမောင်နှံက အခုဆိုရင် မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့ပါပြီ။ 

Photo: Sandy Myint Lwin

ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။ အခုဆိုရင် ပထမဆုံးရင်သွေးလေးကို ဒီးဒီက ကိုယ်ဝန်လွယ်ထားရပါပြီ။

‘’ဒီနေ့ကဒီဒီတို့လက်မှတ်ထိုးတစ်နှစ်ပြည့်တဲ့နေ့လေးပါ။အမြဲတမ်းစိတ်ချမ်းသာမျက်နှာမညိုးအောင်ထားတဲ့ယောကျာ်း နောက်လဲဒီထက်ပို ထားနိုင်ပါစေနော် ပိုလဲချစ်နိုင်ပါစေလို့ခုဆိုသမီးလေးလဲရှိလာပီဆိုတော့များများပိုချစ်နော်’’ ဆိုပြီးတော့ မတ်လ ၄ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: My Dream

အမှတ်တရ နေ့လေးမှာ ကြည်နူးစရာ ညစာစားပွဲလေးလည်း ပြုလုပ်ခဲ့ပါသေးတယ်တဲ့။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးနောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်က အခုဆိုရင် ၅ လကျော် ရှိနေပါပြီ။ ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ စန္ဒီမြင့်လွင်က သမီးလေးကို ကိုယ်ဝန်လွယ်ထားရတယ်လို့ သိလိုက်ရချိန်မှာ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ လိုချင်နေတဲ့ သမီးဦးလေးဖြစ်တာကြောင့် အစ်မဖြစ်သူ စိုးမြတ်နန္ဒာနဲ့ ညီမဖြစ်သူ စိုးပြည့်သဇင်တို့ကလည်း ဂုဏ်ပြု Surprise တွေ လုပ်ပေးခဲ့ပါသေးတယ်။

''ီနေ့ဘေဘီလေးဘာလေးလဲသိရလိမ့်မယ် မထင်ခဲ့မိဘူး တစ်ကယ့်ကို surprise ပါပဲ။တစ်နေကုန်နူ တ်ပိတ်နေတဲ့မေမေဒါ၊တီတီဇင်၊အပင်ပန်းခံစီစဉ်ပေးတဲ့ မမခင်မမဂျာ တီတီပုံ့ပုံလှလှလေးရိုက်ပေးတဲ့ မမယု၊ စပရိုက်စ်စီစဉ်သူ မေမေဒါဒါ (ကိုယ်ပူဆာတာလဲပါ)။ အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ မိန်းကလေးပါရှင်'' ဆိုပြီးတော့ ဇန်နဝါရီလ ၂၉ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။



က္က