ပရိသတ်တွေကို ကုသိုလ်မျှဝေခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မှုမြတ်စွာဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံမှုအတွက် ခန့်စည်သူက ငွေအား၊ လူအား နဲ့ ုကုသိုလ်ယူခဲ့ပါတယ်တဲ့။ သူဟာ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။

Photo: Khant Si Thu

ခန့်စည်သူဟာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ မြတ်စွာဘုရားကြီးရဲ့ ဘက်စုံ တည်ဆောက်ရေးအတွက် ငွေအားရော၊ လူအားရော ပါဝင် ကုသိုလ်ယူဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။ သူ့ရဲ့ ပရိသတ်တွေကိုလည်း ဒီ ကုသိုလ်အတွက် မျှဝေခဲ့ပြန်ပါသေးတယ်။

‘’စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မဟာဗောဓိတထောင် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူမြတ်စွာဘုရားကြီး ဘက်စုံတည်ဆောက်ရေးအတွက် မြတ်စွာဘုရားဆံလုံးတော်ကြီးနှင့် ရုပ်ပွားတော်(၁)ဆူ လှူဒါန်းရသော ကုသိုလ်၊ ရပ်တော်မူ ဘုရားကြီး သန့်ရှင်းရေး လုပ်အားဒါနပြုရသောကုသိုလ်၊ဗောဓိတထောင်ဆရာတော်ကြီးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရသောကုသိုလ် စသဖြင့် ယနေ့ပြုပြုခဲ့သမျှ ကုသိုလ်အစုစုတို့ကို (၇)-ရက် သား၊သမီးများအား မျှဝေပါသည်။ အမျှရ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ’’ ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Khant Si Thu

ခန့်စည်သူက လက်ရှိမှာ တစ်ကိုယ်တည်း လူပျိုကြီး ဘဝကို ခံယူထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ နှလုံးသားရေးရာ ထက် အလှူအတန်းတွေကို ပိုပြီးတော့ ဆောင်ရွက်နေသူ တစ်ယောက်ပါ။ ဒါကြောင့် ခန့်စည်သူကိုယ်တိုင် ဦးဆောင်တဲ့ မေတ္တာသင်္ဂဟ အဖွဲ့ဟာ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Khant S Thu

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။လက်ရှိမှာလည်း ခ သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ‘’ဆူးပန်းခွေ နွယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပုပ္ပါးမှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က