သူမရဲ့ ပရိသတ်တွေကိုလည်း လှူဒါန်းဖို့ တိုက်တွန်းလာပါတယ်။

မဟာဝိဟာရ ကျောင်းတိုက် မြေဧက တိုးချဲ့ဖို့အတွက် အဆိုတော် ပိုပိုက သူမနဲ့ အတူ ပရိသတ်တွေလည်း ကုသိုလ်အလှူပြုနိုင်ဖို့ တိုက်တွန်း ထားပါတယ်။  

Photo: Po Po



အဆိုတော် ပိုပိုကတော့ လှည်းကူးမြို့နယ်မှာရှိတဲ့ မဟာဝိဟာရ ကျောင်းတိုက် မြေဧက တိုးချဲ့ဖို့အတွက် ကုသိုလ်ယူကြဖို့ တိုက်တွန်းလာပါတယ်။ သူမကိုယ်တိုင်ကလည်း ငွေကျပ် ၃ သိန်း လှူဒါန်းထားပါတယ်တဲ့။ 

" အားလုံးပဲ မင်္ဂလာပါရှင့်။ မဟာဝိဟာရ ကျောင်းမြေ အလှူခံချင်ပါတယ်။ ပိုပိုကတော့ ၃ သိန်း လှူပါမယ်။ ကိုဇော်ကြီး က ၁ သိန်း လှူပါမယ်။ နောက်ထပ် မြေလှူချင်သော ပုဂ္ဂိုလ် များကို နိဗ္ဗာန်အကျိူးမျှော်ကာ နှိုးဆော်လိုက်ပါတယ်ရှင့်။ 02130102703452801 (KBZ), 0019600100078708 (CB) Wutyi Moe၊ 09953184880 (မန်နေဂျာ ဖုန်း) wave Moneနဲ့ကို ပေးပို့လှူဒါန်းနိုင်ပါတယ်ရှင့်။ ၅၀၀ကျပ်၊ ၁၀၀၀ကျပ်၊ ၂၀၀၀ကျပ် နဲ့ ၃၀၀၀ ကျပ် အစရှိသဖြင့် ကိုယ်တတ်နိုင်သလောက် လှူဒါန်းလို့ရပါတယ်။ ၇ ရက်နေ့ ၇ လပိုင်းမှာ သွားလှူပါမယ်" ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Po Po

လက်ရှိမှာတော့ ကျောင်းမြေ ဧက (၁၃) ဧက တိုးချဲ့သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ တစ်ဧက ( ပေ ၂၀၀ ပတ်လည်) ကို ကုန်ကျငွေ ၃၅ သိန်းကျပ် ဖြစ်ပြီး (၆) ဧက စာအလှူရှင်တွေ ရရှိထားပြီလို့ ပိုပိုက ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ၊ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း ဒီအလှူမှာ အားတတ်သရော ပါဝင်လှူဒါန်းသွားဖို့ Comment ကနေ တဆင့် ပြောနေကြတာ တွေ့ရပါတယ်။ 

Photo: Po Po

ပိုပို ဟာ အလှူအတန်း နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ပါ။ ဘုရား၊ တရား အလုပ်ကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာသူဖြစ်တာကြောင့် သူမရဲ့ စိတ်နေ စိတ်ထားကလည်း အရင်ကနဲ့ မတူအောင် ပြောင်းလဲ လာခဲ့ပြီလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

သူမကတော့ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က