သူမရဲ့ ပရိသတ်တွေကလည်း ဒီအလှူမှာ ပါဝင်ခဲ့ကြပါတယ်။

ပိုပိုဟာ မဟာဝိဟာရကျောင်းတိုက်မှာရှိတဲ့ သံဃာတော်များ သာသနာပြုရာတွင် ကျောင်းဆောင်များ တည်ဆောက်ဖို့အတွက် မြေဧကတိုးချဲ့ရေးအလှူမှာ ကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Po Po



အဆိုတော် ပိုပို နဲ့ သူမကို ချစ်တဲ့ ပရိသတ်တွေစုပေါင်းပြီး မဟာဝိဟာရကျောင်းတိုက် မြေဧက တိုးချဲ့ဖို့အတွက် ငွေကျပ်(၁၁) သိန်း လှူဒါန်းခဲ့တယ်လို့ ပိုပိုက ပြောပါတယ်။ ပိုပို ရဲ့ အလှူအတွက် မဟာဝိဟာရကျောင်းတိုက် မှ သံဃာတော်များက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

" 7.7.2020...၁၃၈၂ ခု ပထမဝါဆိုလပြည့်ကျော် (၃) အင်္ဂါနေ့ နေ့ထူးရက်မြတ် မင်္ဂလာချိန်ခါ။ သာသနာတော်မြတ်ကြီးအရှည်တည်တန့်ခိုင်မြဲစေရန်ရည်ရွယ်ချက်ဖြင့် မေတ္တာဦးဆောင်၍ ကုသိုလ်ပြုသည့် သာသနာ့မြေ အလှူတော်မင်္ဂလာ အနန္တော အနန္တ ငါးပါးအားဦးထိပ်ထားလျက် ကျေးဇူးရှင်မိဘများအားအမှူးထား၍ တေးသံရှင်အဆိုတော်ပိုပို နှင့် သူငယ်ချင်းများ မှ အလှူတော်ငွေ ၁၁၀၀၀၀၀/- (တစ်ဆယ့်တစ်သိန်းကျပ်) မှဖြစ်ပေါ်သော သာသနာ့မြေတိုးချဲ့ရာတွင် ပါဝင် ကုသိုလ်ပြုလှူဒါန်းပါသည်..." ဆိုပြီးတော့ မဟာဝိဟာရကျောင်းတိုက် ဖေ့စ်ဘွတ်ပေ့ချ်ကနေ ဇူလိုင် (၇) ရက်နေ့ ညနေပိုင်းက ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Po Po

မဟာဝိဟာရကျောင်းတိုက် မှာ ရဟန်းသံဃာတော်ပေါင်း ၃၇၀ ကျော် သတင်းသုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ သံဃာတော်များ အနေနဲ့ သာသနာပြုရာတွက် သက်တောင့်သက်သာဖြစ်စေဖို့ မြေဧက တိုးချဲ့ပြီး ကျောင်းဆောင် အသစ်တွေ တည်ဆောက်ဖို့ လိုအပ်နေတယ်လို့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

"မဟာဝိဟာရကျောင်းတိုက် (လှည်းကူး)တွင် မြတ်စွာဘုရားရှင်၏ တရားတော်များအား သင်ကြား၍ စာသင်စာချ လျက်ရှိကြပါသော ရဟန်းသံဃာတော်အပါး ၃၇၀ ကျော်ခန့်အား စိတ်အေးချမ်းစွာဖြင့် သာသနာပြုနိုင်စေရန် ရည်သန်လျက် ကျောင်းတိုက်နေရာထိုင်ခင်းတိုးချဲ့ရန် မြေ ( ၁၃ ) ဧကအတွက် သာသနာ့မြေ ဝယ်ယူရာတွင် စေတနာသဒ္ဓါတရားထက်သန်စွာ.....ပါဝင်လှူဒါန်းကုသိုလ်ပြုခြင်းဖြစ်ပါသည်" လို့ သိရပါတယ်။

Photo: Po Po

ပိုပို ဟာ အလှူအတန်း နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ပါ။ ဘုရား၊ တရား အလုပ်ကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာသူဖြစ်တာကြောင့် သူမရဲ့ စိတ်နေ စိတ်ထားကလည်း အရင်ကနဲ့ မတူအောင် ပြောင်းလဲ လာခဲ့ပြီလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကတော့ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က