ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေမှာပါ။

မင်းသွေးရဲ့ ပရိသတ်တွေ မင်းသွေးကို ပြန်လည်အမှတ်ရစေမယ့် ဗီဒီယိုဖိုင်လေး တစ်ခုလို့ ပြောရမှာပါ။ မဟူရာရုပ်ရှင်ဇာတ်ကားနောက်ကွယ်မှ မင်းသွေးရဲ့ လှုပ်ရှားမှုလေးတွေ ဇာတ်ကားအတွက် ပြင်ဆင်မှုလေးတွေကို ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်လေးလည်း ဖြစ်ပါတယ်။

Photo : မဟူရာရုပ်ရှင်ရုံ FB



ဧပြီ(၂၅) ရက်နေ့ ရုံတင်မယ့် "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကားမှာ မင်းသွေးရဲ့ သရုပ်ဆောင်မှုတွေကို ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ပရိသတ်တွေအတွက် မင်းသွေးကို ပြန်လည်သတိရစေမယ့် ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ မဟူရာရုပ်ရှင် ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း မင်းသွေးရဲ့ ဇာတ်ကားနောက်ကွယ်က လှုပ်ရှားမှု ဗီဒီယိုဖိုင်လေးတွေကို သူ့ရဲ့ ပရိသတ်တွေအတွက် တင်ပေးထားတာတွေ့ရပါတယ်။

Photo : မဟူရာရုပ်ရှင်ရုံ FB

အဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာ မင်းသွေးရဲ့ သရုပ်ဆောင်မှုတွေ၊ ဇာတ်ကားအတွက် ကြိုးစားခဲ့ရတဲ့ ပုံရိပ်တွေ၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မြင်တွေ့ရပါတယ်။မင်းသွေးဟာ ကျော်စွာဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာကို ဝင်ဖို့အတွက် ဇာတ်ကားမရိုက်ကူးခင် တစ်လခွဲလောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရသလို ကျော်စွာဆိုတဲ့ ကာရိုက်တာ ဝင်အောင်လည်း ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။


Photo : မဟူရာရုပ်ရှင်ရုံ FB

မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ပြသခြင်းခံရတဲ့ ပထမဆုံး မြန်မာသရဲကားလည်း ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော် ရဲ့Jean Luc Godard Award အတွက် Monthly Winner (March 2019) အဖြစ် ဆန်ခါတင်ရွေးချယ်ခံထားရပြီဖြစ်သလို ၂၀၂၀ ခုနစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မယ့် Calcutta International Cult Film Festival ရဲ့ Golden Fox Award အတွက်လည်း Monthly Winner (March 2019) အဖြစ် ဆန်ခါတင် ရွေးချယ်ခြင်းခံထားရပါတယ်။

Photo : မဟူရာရုပ်ရှင်ရုံ FB

မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ Riya Ray နဲ့ နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးကို ဧပြီ(၂၅) မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က