မိသားစု အတူတူမွေးနေ့ကိတ်လေး ခွဲခဲ့ကြပါတယ်။

R ဇာနည်နဲ့ ဝမ်း တို့ရဲ့ တတိယမြောက် သမီးလေး မစ်မစ်တုန်ကတော့ အသက်(၄)လပြည့်ပြီ ဖြစ်ပါတယ်။

Phone: R Zar Ni



အဆိုတော် R ဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ သမီးလေး မစ်မစ်တုန်ကတော့ စက်တင်ဘာလ(၁၅) ရက်နေ့တုန်းက အသက်(၄)လပြည့်သွားပြီဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံလေးတွေ အမှတ်တရ ရိုက်ပြီး သမီးလေးကြီးလာရင် ပြချင်တယ်လို့ R ဇာနည်က ပြောပါတယ်။ 

" ချစ်တဲ့သမီးလေး ဒီကမ္ဘာကြီးပေါ် ရောက်လာတာ လေးလပြည့်တဲ့နေ့ အမှတ်တရလေးပေါ့။ ဒီအချိန်မှာ လူအများမပျော်ရွှင်နိုင်မှန်းသိပါတယ်။ တစ်ချိန် သမီးလေးကြီးလာရင် ပြန်ကြည့်လို့ရအောင် အမှတ်တရပုံလေးတွေ ရိုက်ဖြစ်တယ် ။ အများနဲ့အတူ ကပ်ဆိုးကြီးကိုရင်ဆိုင်ကျော်လွှားနေရတဲ့ထဲမှာ အပြစ်မသိတေးတဲ့ ခလေးငယ်တွေကို ပိုလို့သနားမိတယ်။ ဒီကမ္ဘာမြေကြီးအမြန်ကျန်းမာပြီး သာယာလှပနိုင်ပါစေ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ သတ္တဝါအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ" ဆိုပြီးတော့ စက်တင်ဘာလ (၁၄) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Phone: R Zar Ni

အဆိုတော် R ဇာနည်ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် ဝမ်းကတော့ ၂၀၂၀ ခုနှစ် မေလ(၁၄) ရက်နေ့ မနက်ပိုင်းက တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ရွှေဂုံတိုင်မှာရှိတဲ့ Women Center မှာ အောင်အောင်မြင်မြင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ သားကြီး ဖစ်ဖစ်တုန်ကတော့ အခုဆိုရင် အသက် (၁၁) နှစ် ရှိပြီဖြစ်ပါတယ်။ သားငယ်လေး ချစ်ချစ်တုန်ကတော့ အသက်(၂) နှစ်ကျော် ရှိပါပြီ။ 

Phone: R Zar Ni

Rဇာနည်နဲ့ ဝမ်း တို့ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေက မင်္ဂလာသက်တမ်း (၁၆) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က