ဒီနေ့က နန်းခင်ရဲ့ မွေးနေ့ပါ။

သရုပ်ဆောင် နန်းခင်ဇေယျာက ဒီနေ့မှာ ကျရောက်တဲ့ သူရဲ့ မွေးနေ့လေးကို ရိုးရှင်းစွာ ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။ မိဘတွေနဲ့အတူ အလှူအတန်းတွေ လုပ်ရင်း မွေးနေ့လေးမှာ ကုသိုလ်ယူခဲ့တာပါ။

Photo : နန်းခင်ဇေယျာ


အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာက ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးမှာ မိသားစုနဲ့အတူ အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းဖြစ်တယ်လို့ သိရပါတယ်။ မွေးနေ့အလှူကို ဆေကိန္ဒရာမကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ကျရောက်တဲ့ နန်းခင်ရဲ့  မွေးနေ့ရက်မြတ်လေးကို ဆေကိန္ဒရာမကျောင်းတိုက်လေးမှာ ရိုးရှင်းစွာ မိသားစုဝင်တွေနဲ့ တစ်နေ့တာဆွမ်းအလှူနဲ့ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ဒီနေ့ဒီအချိန်ထိ နန်းခင်ကို ကျွေးမွေးစောင့်ရှောက်ပေးတဲ့ မိဘနှစ်ပါးနဲ့ အခုချိန်ထိအားပေးနေတဲ့ ချစ်တဲ့ပရိတ်သတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၄) ရက်နေ့က ရေးသားထားတာပါ။

Photo : နန်းခင်ဇေယျာ

သူမရဲ့ မွေးနေ့အလှူဒါနလေးကို အားလုံး ထပ်တူရရှိပြီး သာဓုခေါ်နိုင်ကြပါစေဆိုပြီး ဆုတောင်းပေးထားပါသေးတယ်။ နန်းခင်ဇေယျာက လက်ရှိမှာ ပရဟိတအလုပ်တွေကို ဦးဆောင်ပြီး လုပ်ကိုင်နေသလို ဇာတ်ကားရိုက်ကူးလို့နေပါတယ်။မင်းသမီးချောလေး နန်းခင်ဇေယျာဟာ အလှမယ် ပြိုင်ပွဲတွေကနေ တဆင့် လူသိများလာပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : နန်းခင်ဇေယျာ

နန်းခင်ဇေယျာဟာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိသူ တစ်ဦးဖြစ်ပါတယ်။ နန်းခင်က သရုပ်ဆောင်လည်း ဝါသနာပါသလို တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေက “Non Stop”  ဖြစ်ပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းခွေတစ်ခွေဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က