ပရိသတ်တွေကို ကုသိုလ် မျှဝေခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်က မိသားစုဝင်တွေနဲ့အတူ ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်မှာ တံတားလေးတစ်စင်း အလှူပြုခဲ့တာကို တွေ့ရပါတယ်။ သူမဟာ အနုပညာအလုပ်ထက် မိသားစုကို အချိန်ပေးနေတာတွေ့ရပါတယ်။

Photo: Eaindra Kyaw Zin



သရုပ်ဆောင်အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ သူမရဲ့ မိခင်၊ ဆွေမျိုးတို့ဟာ ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်အတွင်းက အခက်အခဲဖြစ်နေတဲ့ လမ်းခရီးတစ်ခုအတွက် တံတားလေးတစ်စင်းကို လှူဒါန်းခဲ့ကြပါတယ်တဲ့။ အဲဒီနောက် ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ပရိသတ်တွေဆီ မျှဝေလိုက်ပါတယ်။

‘’ဘီးလင်းမြို့နယ် ဗိုလ်တေဇ ရပ်ကွက်မှာ သွားလာရ ခက်ခဲနေတာတွေ့ခဲ့ရတဲ့အတွက် တံတားလေးတစ်စင်းကို အူဝဲတို့မိသားစု ကုသိုလ်ပြုလှူဒါန်းဖြစ်ထားတာလေး ရေစက်ချရင်း နဝကမ္မ၊ သင်္ဃန်း ပရိက္ခရာ နှင့် နေ့ဆွမ်း ကပ်လှူဖြစ်ခဲ့ပါတယ်။ ယနေ့ပြုခဲ့တဲ့ ကုသိုလ်အစုစုတို့အတွက် ချစ်ရတဲ့ ၇ ရက်သားသမီး အားလုံးကို အမျှဝေပေးလိုက်ပါတယ်။ အားလုံး ကုသိုလ်ရကြပါစေ’’ ဆိုပြီးတော့ မတ်လ ၁၇ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျွန်မအချစ်ဆုံး ယောကျ်ားသုံးယောက်’’ ရုပ်ရှင်ဇာတ်ကားကြီးကို လက်ရှိမှာ ရုံတင်ပြသလျှက်ရှိပါတယ်။ ဒါကြောင့် သူမကို ချစ်တဲ့ ပရိသတ်တွေကိုလည်း မတ်လ ၁၇ ရက်နေ့က Surprise လုပ်ခဲ့တဲ့အကြောင်း ပြောပြထားပါတယ်။

‘’ကြိုးစားရကျိုးနပ်လိုက်တာ ကျေးဇူးတင်ပါတယ်။ ချစ်သောပရိသတ်ကြီး ကားတင်တဲ့နေ့ကစပြီး ပွဲစဉ်တိုင်း ရုံအပြည့်အားပေးကြတဲ့ ပရိသတ်ကြီးကို မနေ့က surprise သွားနှူတ်ဆက်ရင်း ကျေးဇူးတင်စကားပြော’’ ဆိုပြီးတော့ ရုပ်ရှင်ကိုလာအားပေးကြတဲ့ ပရိသတ်တွေနဲ့ သူမတို့ ပျော်ပျော်ပါးပါး တွေ့ဆုံခဲ့တဲ့ အမှတ်တရ ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ကို အားပေးကြတဲ့ ပရိသတ်တွေကတော့ ‘’ကြတ်ဂူ’’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ နောက်ထပ် အကယ်ဒမီတစ်ဆုကို ထပ်မံရစေချင်နေတာကို တွေ့ရပါတယ်။ သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က