သူမဟာ အသက် ၂၉ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။
Sabal Thwin

အိမ့်ချစ်ကတော့ ဒီနေ့(မတ်လ ၃၁ ရက်) နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ ချစ်ရသူတွေကြောင့် ပျော်ရွှင်နေမိတယ်လို့ ဆိုလာပါတယ်။ 

 အဆိုတော် အိမ့်ချစ်ကတော့ ဒီနေ့ (မတ်လ ၃၁ ရက်)မှာ အသက် ၂၉ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာတော့ ချစ်သူနဲ့ မိသားစုဝင်တွေရဲ့ Birthday Surprise ကြောင့် အရမ်းပျော်နေတယ်လို့ သူက ဆိုပါတယ်။ 

“ Thank you for the birthday surprise ❤️ Mom , KoKo & Junior။ My 29th Birthday 💕 " ဆိုပြီးတော့ မတ်လ ၃၁ရက်နေ့ မနက် ၁၂ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ အိမ့်ချစ်ရဲ့ မိခင်နဲ့ Eric တို့ဟာ ည ၁၂ နာရီအချိန်မှာ အိမ့်ချစ်ရဲ့ အိပ်ခန်းထဲဝင်ပြီး မွေးနေ့ကိတ်နဲ့ Surprise လုပ်ခဲ့တာဖြစ်ပါတယ်။ 

Photo: Eaint Chit

အိမ့်ချစ်ဟာ အခုလက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုဖြစ်တဲ့ Emily ဆိုတဲ့ Fashion ဆိုင်ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဂီတအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေသူ ဖြစ်တာကြောင့် သူမရဲ့ မိသားစုကို တင့်တောင့်တင့်တယ် ထားနိုင်တဲ့ သမီးလိမ္မာလေးတစ်ယောက်ဆိုရင် မမှားပါဘူး ။ အခုဆိုရင်တော့ သူမရဲ့ ချစ်သူဖြစ်တဲ့ Eric နဲ့ လက်ထပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ 

Photo: Eaint Chit

အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး ဖေ့စ်ဘွတ်စာမျက်နှာကေ နတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနေ့ကလည်း သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ အမှတ်တရ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာတော့ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ သူမရဲ့ စေ့စပ်ပွဲကိုတော့ ၂၀၂၀ ခုနှစ်ထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး လက်ထပ်ပွဲကို ၂၀၂၁ ရဲ့ နှစ်အစပိုင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။  

Photo: Eaint Chit

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အ တူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ် ၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က