ကွယ်လွန်တာ (၈)နှစ်တိတိ ပြည့်ခဲ့ပြီတဲ့။

ကွယ်လွန်သွားတာ (၈)နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်နေတာပါ။ သားမိနှစ်ယောက် အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတောင် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

Photo : ခြူးလေး

ခြုးလေးက  မိခင်အတွက် ရည်စူးပြီး ဇူလိုင် (၂) ရက်နေ့က မှော်ဘီပါရမီပြည့် ဘုန်းကြီးကျောင်းမှာ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ခြူးလေးရဲ့ အမေက ဆုံးပါးသွားတာ (၈)နှစ် တိတိပြည့်ခဲ့ပြီတဲ့။

“မနေ့က မေမေ သမီးတို့ကို ထားခဲ့တာ၈နှစ်တိတိ ပြည့်ခဲ့ပြီနော်.။မေမေ့ အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေများများ လုပ်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ မေမေ့ ကို ပေးထားတဲ့ ဂတိလည်း သမီးတည်ပါတယ်နော်။ ငိုလည်း မငို တော့ဘူး ။( မနေ့ကဖြစ်သည် )..မေမေ သို့ တမ်းတခြင်း"”ဆိုပြီး ဇူလိုင်(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားခဲ့ပါတယ်။

Photo : ခြူးလေး

မိခင်နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံလေးတောင် မရှိလို့လည်း သူမမှာ ဝမ်းနည်းလို့ နေပါတယ်။ "သားမိနှစ်ယောက် တူတူရိုက်ထားတဲ့ ဓါတ်ပုံလေးတောင် မရှိဘူး" ဆိုပြီး ပြောထားတာပါ။ ပရိသတ်တွေကတော့ သူမကိုအားပေးစကားတွေ ပြောထားကြပါတယ်။

ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Photo : ခြူးလေး

သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပါပြီ။

Share

Loading Next Article...
က္က