မိခင်ရဲ့ ဈာပနကို ပြုလုပ်ပေးရင်း စိတ်မကောင်းဖြစ်လို့နေပါတယ်။
Sabal Thwin

တက္ကသိုလ်ဂွမ်းပုံလေးဟာ ဒီနေ့( မေလ ၂၄ ရက်) မနက်ပိုင်းက ကွယ်လွန်သွားတဲ့ မိခင်အတွက်ရည်ရွယ်ပြီး နာရေးကူညီမှုအသင်းမှာ ကုသိုလ်အလှူပြုပေးခဲ့တာ တွေ့ရပါတယ်။ 

Photo: Goon Sein

ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံရဲ့ မိခင်ကတော့ ဒီနေ့( မေလ ၂၄ ရက်) မနက်(၅) နာရီက ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဈာပနကိစ္စအဝဝကို နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူကိုယ်တိုင် ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

" ရုပ်ရှင်သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ၏ မိခင် ဒေါ်ရင်သန်း အသက်(၇၉) နှစ်၏ နောက်ဆုံးခရီးအား ဖေးမကူညီ။ ယနေ့ နံနက် (၁၀:ဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ နှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို၊ စွမ်းထက်၊ ဇွဲလရောင် တို့မှ ရုပ်ရှင်သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ၏ မိခင် ဒေါ်ရင်သန်း အသက်(၇၉) နှစ်၏ ရုပ်ခန္ဓာအား စံပြဆေးရုံ မှ ရေဝေးသုသာန်သို့ နိဗ္ဗာန်ယာဉ်မောင်းနှင်ပေးခဲ့ပြီး စေတနာ့လုပ်အားပေး အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ဖေးမကူညီခဲ့ကြသည်" ဆိုပြီးတော့ နာရေးကူညီမှု အသင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ(၂၄ ရက်) နေ့လယ် ၁၂ နာရီကျော်က ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Goon Sein

ဂွမ်းပုံလေးဟာ မိခင်ဖြစ်သူရဲ့ ရုပ်ခန္ဓာကို ဒီနေ့ ( မေလ ၂၄ ရက်) နေ့မှာပဲ မီးသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကွယ်လွန်သူ မိခင်အတွက် နာရေးကူညီမှုအသင်းကို ငွေကျပ်(၅) သိန်းလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

"ကွယ်လွန်သူ ဒေါ်ရင်သန်း အသက်(၇၉) နှစ်အား ရည်စူး၍ ကျန်ရစ်သူမိသားစု မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၅၀၀,၀၀၀/-) ငါးသိန်းကျပ်တိတိ အား လှူဒါန်းခဲ့ပါသည်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။ တက္ကသိုလ်ဂွမ်းပုံလေးဟာ မိခင်ဖြစ်သူရဲ့ နာရေးကြောင့် အင်မတန်မှ စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ထပ်တူ စိတ်မကောင်းဖြစ်ရတယ်လို့ Comment တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: နာရေးကူညီမှုအသင်း

ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ


က္က