ဇွန်လ(၉) ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကျော်ဇင်ထွဋ် မိခင်ရဲ့ ဈာပနကို ဆွေမျိုးတွေ ဖြစ်တဲ့ အဆိုတော်ထွန်းထွန်း နဲ့ သက်အောင် (Examplez) တို့ကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ 

Photo: နာရေးကူညီမှုအသင်း



ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ မိခင် ဒေါ်မြင့်မြတ်အေး ကတော့ ဇွန်လ (၉) ရက်နေ့ မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မိခင်ဖြစ်သူရဲ့ ဈာပနာကို လိုက်ပို့ပေးခဲ့တဲ့ ဆွေမျိုးတွေကို ကျော်ဇင်ထွဋ်က ကျေးဇူးတင်စကားဆိုလာပါတယ်။ 

"9-6-2020 နေ့လည်2:00အချိန်တွင် 100% ကျော်ဇင်ထွဋ်ရဲ့မေမေ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ် သည်ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားပါ၍ အမေ့ နောက်ဆုံးခရီးစဉ်ကို လိုက်ပို့ပေးခဲ့ကြတဲ့အမေ့ရဲ့ ဆွေမျိုးညီအကိုမောင်နှမများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းသတင်းပို့ပါအိ.....100% ကျော်ဇင်ထွဋ်ရဲ့မေမေ ကောင်းရာသုဂတိလားပါစေ" ဆိုပြီးတော့ ဇွန်လ၉ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

ကျော်ဇင်ထွဋ် မိခင်ရဲ့ ဈာပနကိုတော့ အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း နဲ့ သက်အောင်(Examplez) တို့ကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်။ သူတို့ကတော့ ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်ကြသူတွေ ဖြစ်ပါတယ်။ ဈာပနကိစ္စအဝဝကိုလည်း နာရေးကူညီမှုအသင်းက စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: နာရေးကူညီမှုအသင်း

ကျော်ဇင်ထွဋ်မိခင်ရဲ့ ဈာပနအခမ်းအနားကိုတော့ နာရေးကူညီမှုအသင်းမှ သရုပ်ဆောင် ထွန်းကိုကိုက စီစဉ်ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေးအတွက် ရည်စူးပြီး ကျော်ဇင်ထွဋ်နဲ့ ဆွေမျိုးများက ကွယ်လွန်သူအတွက် နာရေးကူညီမှုအသင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထွန်းကိုကို က ပြောပါတယ်။ 

''ကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ်အား ရည်စူး၍ ကျန်ရစ်သူမိသားစုများမှ အလှူငွေ - ၂၅၀,၀၀၀/- ( နှစ်သိန်း ငါးသောင်းကျပ်တိတိ) လှူဒါန်းခဲ့ပါသည်။ သာဓု သာဓု သာဓုကွယ်လွန်သူ ဒေါ်မြင့်မြတ်အေး ကောင်းရာသုဂတိလားပါစေ ....... ။" ဆိုပြီးတော့လည်း ဇွန်လ ၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ 

Photo: နာရေးကူညီမှုအသင်း

ကျော်ဇင်ထွဋ်ကိုတော့ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း (၁၀) စုနှစ်တစ်ခုကို ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အခုချိန်ထိလည်း အနုပညာအလုပ် လုပ်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က