မေမေေ ချစ်တဲ့ သားလေးတစ်ယောက်ပါပဲ။

နေဒွေးက သူ့ မိခင်ရဲ့ ပုံတူခြေရာကို ထာဝရ ပိုင်ဆိုင်ခွင့်ရလိုက်လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူဟာ မိခင်ကို အရမ်းချစ်တဲ့ သားတစ်ယောက်ဖြစ်ပါတယ်။

Photo: Nay Dway

နေဒွေးက မိခင်ကို အရမ်းချစ်တဲ့ သားလိမ္မာလေး တစ်ယောက်ဖြစ်ပါတယ်။ အခုလည်း သူ့ မိခင်ရဲ့ ခြေရာကို အမြတ်တနိုးနဲ့ ထာဝရ သိမ်းထားခွင့်ရလိုက်ပြီဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။

‘’မေမေ့ ခြေရာလေးကို နောက်ဆုံးပေါ်နည်းနဲ့ယူပြီး သိမ်းထားလိုက်ပြီ’’ ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ မနက် ၉ နာရီ ၅၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မိခင်ခြေရာ အမှတ်တရ ပုံလေးတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Nay Dway

နေဒွေးဟာ သူ ဘယ်နေရာသွားသွား၊ ဘာဇာတ်ကားရိုက်ရိုက် ဘေးနားမှာ မိခင်ကို အမြဲထား တတ် သူတစ်ယောက်ပါ။ တစ်ဦးတည်းသော သားလည်းဖြစ်သလို မိခင်ကိုလည်း စိတ်ချမ်းသာအောင် ထားတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဒွေးက တုနှိုင်းမရတဲ့ မေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူူးခဲ့ပြီး ဖြစ်ပါတယ်။

Photo: Nay Dway

နေဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။

Photo: Nay Dway

နေဒွေး ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။



က္က