သူ ကြုံတွေ့ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ဆက်ဆံပုံတွေကို အခုလိုပြောပြလာပါတယ်။
Sabal Thwin

မေပန်းချီတစ်ယောက် မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းလို့ အထူးကုနဲ့ ပြတော့မှ ဖြစ်ပေါ်လာတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ မိခင်ရဲ့ ကျန်းမာရေးကို ဘန်ကောက်မှာပဲ စစ်ဆေးပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

Photo: May Pan Che

မေပန်းချီက လက်ရှိမှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေအပေါ် အရမ်းကို စိုးရိမ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၁၇ ရက်နေ့မနက်ပိုင်းက မိခင်ဖြစ်သူကို အထူးကုနဲ့ သွားပြရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အကြောင်းကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောပြလာပါတယ်။

‘’အထူးကုပါ။ အမေက လျှာတွေလေးပြီး စကားက မပီတော့ ပစ်ပစ်လဲတယ် လူနာကို တွဲလာပါတယ်။ ဆေးခန်းပေါက်ဝမှာ စည်းကြိုနေတဲ့ရုပ်က ပုတ်ပွနေတာ မသိရင် သူတို့ထမင်းလာစားနေရသလို မေးခွန်းက (ဘာလုပ်မှာလဲ) ရန်တွေ့သလို၊ လူနာလာပြတာ သူ့ကိုလာကပြတာထင်နေသလား တော့မသိ။ မြန်မာပြည်မှာနေနေရတာ ကြီးကြီးကျယ်ကျယ်ပြောတာတော့ မဟုတ်ဘူး သေရေးရှင်ရေးဆိုရင် လူဖြစ်ပါရူံးတယ်။ လာသာ ပြရတယ် လောလောလတ်လတ်ဖြစ်တဲ့ အခြေအနေ ပြောပြတာတောင် သောက်ဖို့ ဆေးတစ်လုံးကို အကောင်းဆုံး မဆုံးဖြတ်ပေးနိုင် အထူးကုဆေးရုံဆိုတော့ အားကိုးပါတယ်။ တခြားနေရာသွားခိုင်းတယ်။ မြန်မာပြည်မှာ လူဖြစ်ရတာ ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရတာပဲ မွန်မြတ်ပြီး ကျန်တာက သေရေးရှင်ရေးဆို ချေးတွင်းထဲနစ်နေသလိုပါပဲ’’ ဆိုပြီးတော့လည်း ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: May Pan Che

ဒီလို အတွေ့အကြုံတွေကြောင့် မိဘရဲ့ ကျန်းမာရေးအတွက် နိုင်ငံခြားမှသာ သွားရောက်ကုသလေ့ရှိတယ်လို့ လည်း မေပန်းချီက ပြောပါတယ်။

‘’ကျွန်မ မချမ်းသာပါဘူး။ ဒါပေမဲ့ ကိုယ့်အမေ တစ်ခုခုဖြစ်ရင် ပိုက်ဆံကို မရမကရှာပြီး ဘန်ကောက်မှာပဲပြတယ်။ ချမ်းသာလို့တော့ မဟုတ်ဘူး။ သူများနိူင်ငံရဲ ဆရာဝန်တွေ ဆရာမတွေ့ဆက်ဆံရေး၊ လူနာပေါ်ဂရုစိုက်မူ့ တွေက လူနာကိုရောဂါတစ်ဝက် သက်သာစေတယ်။ ပိုက်ဆံ ကုန်ရကျိုးနပ်တယ် နောက်လှည့်ကြည့်စရာမလိုဘူး။ စိတ်ချရတယ် လူနာမြင်တာနဲ့ဘာလုပ်ရမလဲတန်းသိတယ်’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါသေးတယ်။

Photo: May Pan Che

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီ နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခု နောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က