အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

သရုပ်ဆောင် ခန့်စည်သူရဲ့ မိခင်ကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးကုသမှုခံယူနေတာ တွေ့ရပါတယ်။ ဒါကြောင့် ခန့်စည်သူက မိခင်ကို အနီးကပ်ပြုစုပေးနေတယ်လို့ ဆိုပါတယ်။ 

Photo: Khant Si Thu



ခန့်စည်သူကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို ဂရုတစိုက်ပြုစုပေးနေတယ်လို့ ဆိုပါတယ်။သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ခန့်စည်သူရဲ့အမေကျန်းမာရေးကောင်းဖို့ ဆုတောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ 

"ခန္ဓာရှိရင်ဝေဒနာရှိမယ်။မပျောက်ကင်းနိုင်ပေမယ့်၊ တရားအသိနဲ့ခံစားနေရသော ဝေဒနာများမှ အမြန်ဆုံးသက်သာပါစေမေမေ" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ သူ့ရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။ ခန့်စည်သူကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ခန့်စည်သူရဲ့မိခင် ကျန်းမာရေးကောင်းဖို့အတွက် Comment ကနေတဆင့် ဆုတောင်းစကားတွေဆိုခဲ့ပါတယ်။ 

Photo: Khant Si Thu

သရုပ်ဆောင်ခန့်စည်သူကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် တည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး အိမ်ထောင်ရေး ဇာတ်ကားတွေ အရိုက်များဖြစ်နေတဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်တို့ အနုပညာသမားဆိုတာက ဆေးစက်ကျရာ အရုပ်ထင်ရတာပေါ့နော်။ ဟာသဆိုရင်လည်း ဟာသ အလျှောက်၊ ဒရာမာဆိုရင်လည်း ဒရာမာ အလျှောက်ပေါ့။ ဒါရိုက်တာ ဇာတ်ညွှန်းအရ ဆေးစက်ကျရာ အရုပ်ထင်ရတာပါပဲ။ အိမ်ထောင်ရေးကျတော့ ကိုယ်တွေက အသက်သာကြီးဟာ ဝါက နုတယ်’’လို့ ဆိုပါတယ်။ 

Photo: Khant Si Thu

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က