ဇူလိုင်လ အတွင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။

စန္ဒီမြင့်လွင်က သမီးလေး မမွေးခင် အလှူအတန်းတွေလုပ်နေတာ တွေ့ရပါတယ်။ သူမဟာ သမီးလေးအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်ထားပြီးပြီလို့လည်း သိရပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကတော့ သမီးလေး မမွေးခင်မှာ ခင်ပွန်းဖြစ်သူ အပြင် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အလှူအတန်းတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ သူမရဲ့ အလှူလေးကိုတော့ နန်းဦးကျောင်း တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပြုလုပ်ခဲ့တာပါ။


‘’ချစ်တဲ့အမ မယိင်းရဲ့နန်းဦးကျောင်းမိဘမဲ့ကလေးများအလှူမှာ တတ်နိုင်တဲ့ဘက်က ပါဝင်လှူဒါန်းခဲ့ပါတယ် အားလုံးသာဓုခေါ်ဆိုနိုင်ပါစေရှင့်’’ ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။ အဲဒီနောက် အလှူလေးက အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်တစ်ယောက် ဗိုက်ထဲမှာရှိတဲ့ သမီးလေးအတွက် အစစအရာရာ လိုလေသေးမရှိအောင် ပြင်ဆင်နေပြီလို့ဆိုပါတယ်။ အဝတ်အစားတွေ ဝယ်ပေးရုံတင်မဟုတ်ပဲ သမီးလေးနေဖို့အခန်းကိုတောင် ပြင်ဆင်နေပြီလို့ ပြောပါတယ်။

‘’Treasure အခန်းပြင်နေတာပြီးသလောက်ရှိ ၊ သမီးအခန်းလားပန်းပုခန်းလားဖေဖေ။ မိန်းကလေးအခန်းက ခန်းစီးကပန်းရောင်ဖြစ်ရမှာပြာနေတယ် ပန်းရောင်လေးလဲရမယ် ခုတော့ပိုက်ပိုက်ကုန်လို့။ သမီးအခန်းကိုသူ့စာအုပ်တွေထားမယ်တဲ့ဖေဖေက ကလေးကတော့ခု မှဗိုက်ထဲ သူ့သမီးပေးဖတ်မှာတဲ့။ ကလေးအခန်းကိုထားပေးတဲ့အရုပ်ကသူစုထားတာတွေတဲ့ ဒါတောင်အများကြီးကျန်သေးတာတဲ့။ ကလေးလန့်တော့မှာပဲ။ မွေးပြီးရင်ဖယ်ပေးမယ်တဲ့။ သူ့ ပန်းပုတွေသူ့သမီးလဲကြိုက်မှာတဲ့ အခန်းအရှေ့ပိုင်းပေါ့ ပြီးသလောက်ရှိမောပြီတစ်အိမ်လုံး’’ ဆိုပြီးတော့ တစ်ပုံချင်းစီရဲ့ အောက်မှာ အခုလို Caption လေးတွေ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Sandy Myint Lwin

 စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဇူလိုင်လကုန်ပိုင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။ မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇ လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

Share

Loading Next Article...
က္က