သမီးလေး တစ်ယောက် ထပ်ရတော့မှာပါ။

ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့ သဉ္ဇာနွယ်ဝင်းက သမီးလေးမမွေးခင်မှာ ခရီးတွေ ထွက်ရလို့ ပျော်နေပါတယ်။ ခင်ပွန်းကလည်း သူမသွားချင်တဲ့ ခရီးလေးကို လိုက်ပို့ပေးခဲ့တယ်တဲ့။

 

photo : သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက လက်ရှိမှ ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်က လေးလကျော်ထဲကို ရောက်နေပါပြီ။ ကိုယ်ဝန်အရမ်း မရင့်ခင်မှာ မိသားစုနဲ့အတူ ခရီးထွက်ရလို့ သဉ္ဇာနွယ်ဝင်းက အရမ်းပျော်လို့နေပါတယ်။

“မိန်းမကလေးမမွေးခင် ခရီးရအောင်ထွက်ပေးတဲ့ချစ်ယောကျာ်း” ဆိုပြီး ဇွန်လ(၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့ မိသားစုထဲကို မကြာခင်မှာ သမီးလေးတစ်ယောက် ရောက်ရှိလာတော့မှာပါ။

photo : သဉ္ဇာနွယ်ဝင်း

ကိုလှမျိုးမြင့်နဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလေးဆီမှာတော့ ဖခင်နဲ့တူတဲ့ အကျင့်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

‘’သားလေးက တော်တော်တတ်နေပြီ။ သူ့ကိုလည်း ၆ လအရွယ်ကတည်းက ကျောင်းစထားတာဆိုတော့ တော်တော်လေး နားလည်တယ်။ လည်လည်း လည်တယ်။ သားလေးက အဖေနဲ့တူတယ် ရုပ်ရော၊ ခန္ဓာကိုယ်ပုံစံတွေရော၊ အကျင့်တွေရော တူတယ်။ သူ့ပစ္စည်းတွေဆို အရမ်း တန်ဖိုးထားတာ။ သူယူထားတဲ့ ပစ္စည်းကို သူ့နေရာသူ ပြန်ထားတတ်တာကတော့ သူ့အဖေနဲ့ တူတယ်’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

photo : သဉ္ဇာနွယ်ဝင်း

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိအချိန်မှာတော့ သူမရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို အမှတ်ရစာလေးတွေကိုလည်း ပြန်သတိရမိတယ် ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

photo : သဉ္ဇာနွယ်ဝင်း

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က