သူမရင်ထဲက မိခင်မေတ္တာတရားတွေကို ပြောပြခဲ့ပါတယ်။

ချမ်းချမ်းက သမီးလေးအပေါ်ထားတဲ့ သူမရဲ့ သဘောထားတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ မြမိုးဂင်္ဂါရဲ့ မိခင်ဖြစ်ခွင့်ရတာ အရမ်းပျော်တယ်လို့ဆိုပါတယ်။

Photo: Chan Chan

ချမ်းချမ်းက သမီးလေး မြမိုးဂင်္ဂါနဲ့အတူ အမေရိက ကိုခရီးထွက်နေတာဖြစ်ပါတယ်။ သူမရဲ့ အလုပ်ကြိုးစားမှု အားလုံးကတော့ သမီးလေးအတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

‘’My clone my beauty angel. ကျွန်မကိုယ်ပွားအသည်းနှလုံး အသက်ကလေး၊ အချိန်တွေကြာလာတာနဲ့အမျှ အမေ့ဘဝလေး။ သူအိပ်တာလေးကြည့်ပြီးအတိတ်ကိုလှမ်းကြည့်မိတော့ သမီးရယ်။ သမီးလေးကို ဒီ့ထက်ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝလေးကိုအမေပေးချင်ဖြတ်သန်းစေချင်တယ်။ အမေဒီထက်ပိုက်ဆံတွေရှာမယ်။ သမီးကိုပညာတတ်ကြီးဖြစ်အောင်ကျောင်းထားမယ်။ အမေ့သမီးလေးအမြဲပြုံးနေတာမြင်ချင်တယ်’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Photo: Chan Chan

အဲဒီနောက် ချစ်ရတဲ့ သမီးလေး ရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ချမ်းချမ်းရဲ့ မိခင်မေတ္တာကိုလည်း ပရိသတ်တွေက ချီးကျူးလေးစားတဲ့အကြောင်းကို Comment ကနေ ပြောပြခဲ့ကြပါသေးတယ်။

‘’အမေ့ဘဝမှာ သမီးက အရေးအကြီးဆုံးလေးပါ။ အိပ်မပျော်တဲ့ညတွေများခဲ့ပြီ အမေ့အနားအမြဲရှိပေးတဲ့သမီးလေး။ အမေပင်ပန်းတိုင်းစိတ်ဓာတ်ကျအားငယ်တိုင်း ယုံကြည်မှုတွေ ပြန်ပေးတဲ့အမေ့သမီးလေး။ အမေဒီဘဝမှာ သမီးလေးနဲ့ ဆုံခွင့်၊ အမေဖြစ်ခွင့်ရတာ အရမ်းပျော်တယ်။ အမေ့ကိုယ်အမေပြန်မြင်နေရသလိုပဲ။ အမေ့ငယ်စဉ်ကသမီးလောက်မချောပေမဲ့ ဆံပင်လေး၊ ရယ်ပုံလေးတွေကအစ အမေမှတ်မိနေသေးတယ်။ ဖိုးဖိုးကြီးအမြဲ ချီထားတဲ့ပုံလေးဆို အမေ့မျက်လုံးထဲ အမြဲစွဲနေတယ်။ အမေ့ပုံတူလေး i love u baby girl’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Chan Chan

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက် ‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။

Share

Loading Next Article...
က္က