Sabal Thwin

မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့ဟာ သမီးလေးရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့ကိုတော့ မူကြိုကျောင်းမှာ ပြုလုပ်ပေးခဲ့တာတွေ့ရပါတယ်။ သမီးလေး သစ်သစ်မင်းရာဇာကလည်း ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။

Photo: Min Yazar

သြဂုတ်လ ၁ ရက်နေ့မှာတော့ မင်းရာဇာရဲ့ သမီးလေးဖြစ်တဲ့ သစ်သစ်မင်းရာဇာဟာ အသက် ၅ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သမီးလေးအတွက် ဖေဖေမင်းရာဇာနဲ့ မေမေဖူးငုံပွင့်တို့က မူကြိုကျောင်းမှာ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။

‘’Happy Birthday ပါဖေဖေမေမေရဲ့အချစ်လေးရေ။ ပညာတက်ကြီးဖြစ်ပြီး မြင့်မားသောဘဝမှာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နေနိုင်ပါစေ။ ဘဝရဲ့အကောင်းဆုံးတွေကိုပိုင်ဆိုင်ပြီး အန္တရာယ်ကင်းကင်းနဲ့ လောကအကျိုး ကိုအကောင်း ဆုံးသယ်ပိုးနိုင်သောသမီးငယ်လေးဖြစ်ပါစေ။ စစ်မှန်သောတရားစစ်တရားမှန်ကိုရှာဖွေတွေ့ရှိနိုင်သောလိမ္မာတဲ့သူတော်ကောင်းလေးဖြစ်ပါစေ။ချစ်သမီးလေး သစ်သစ်မင်းရာဇာ’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Min Yazar

သရုပ်ဆောင်မင်းရာဇာနဲ့ မဖူးငုံပွင့် တို့ဟာ အခုဆိုရင် သမီးတစ်ယောက် သားတစ်ယောက် ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သမီးလေး ကို ၂၀၁၄ ခုနှစ်သြဂုတ်လ ၁ ရက်နေ့ က ဝိတိုရိယဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေးကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့မနက်ပိုင်းက Women Center မှာမွေးဖွားခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သမီးလေး သစ်သစ်မင်းရာဇာ ရဲ့ မွေးနေ့အတွက်ကိုလည်း ပရိသတ်တွေက အားရဝမ်းသာစွာနဲ့ မွေးနေ့ဆု တောင်းပေးထား ကြပါသေးတယ်။

Photo: Min Yazar

အက်ရှင်ဇာတ်ကားတွေ နဲ့ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မင်းရာဇာ(Min Yarzar)ဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က