သီချင်းလေးကို အိမ်ချစ်က ရေးပေးထားတာတဲ့။

တစ်ဦးတည်းသော သမီးလေးအတွက် သီဆိုထားတဲ့ သီချင်းလေး ဖြစ်တယ်လို့လည်း အေသင်က ပြောထားပါသေးတယ်.သမီးလေးအတွက် သီဆိုထားတဲ့ အဲ့ဒီသီချင်းလေးနာမည်က” FOR MY LITTLE GIRL” ဆိုပြီး နာမည်ပေးထားပါတယ်။

Photo : အေသင်ချိုဆွေ FB

အနုပညာလှုပ်ရှားမှုတွေကို တစိုုက်မတ်မတ်နဲ့ ပြန်လည်လုပ်ကိုင်လာတဲ့ အဆိုတော် အေသင်ချိုဆွေဟာ ဒီနေ့( ဒီဇင်ဘာ၂၅ရက်)မှာ ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီ သီချင်းလေးက သူမရဲ့ ခံစားချက်တွေကို အိမ့်ချစ်က သီချင်းစာသားအဖြစ် ပုံဖော်ပေးထားတယ်လို့ သိရပါတယ်။

Photo : အေသင်ချိုဆွေ FB

တစ်ဦးတည်းသော သမီးလေးအတွက် သီဆိုထားတဲ့ သီချင်းလေး ဖြစ်တယ်လို့လည်း အေသင်က ပြောထားပါသေးတယ်.သမီးလေးအတွက် သီဆိုထားတဲ့ အဲ့ဒီသီချင်းလေးနာမည်က” FOR MY LITTLE GIRL” ဆိုပြီး နာမည်ပေးထားပါတယ်။

“မအိမ့်ချစ်ကမေတ္တာဖြင့်ရေးပေးတဲ့

သီချင်းလေးကို

အိုင်ဗီမေမေက

အိုင်ဗီလေးအတွက်ဆိုထားပါတယ်။

သီချင်းလေးနာမည်က

♥️FOR MY LITTLE GIRL♥️(သမီးလေးအတွက်)။ ဆိုပြီး သူမရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာ ဒီဇင်ဘာ(၂၅) ရက်နေ့က ရေးသားထားပါတယ်။

Photo : အေသင်ချိုဆွေ FB

FOR MY LITTLE GIRL သီချင်းကိုတော့ Joox application မှာ နားဆင်လို့ရပါပြီ။ နားဆင်ပြီးတဲ့ ပရိသတ်တွေကတော့ သူမရဲ့ ခံစားချက်တွေနဲ့ သီဆိုထားတဲ့ သီချင်းလေးကို ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။

“ရှောင်တိမ်းလို့ပြေးထွက်သွားတဲ့

အဖေဆိုတာကိုမမျှော်လင့်နဲ့....

ဒီလိုမပြောရက်လဲ ရင်နာနာနဲ့

ပြောချင်မိတယ်...........

ငိုကြွေးရမယ့် နေ့ရက်တို့ချန်ကာပျော်စရာများဘဲဖန်တီးမယ်.......⏯” ဆိုတဲ့ သီချင်းစာသားလေးကလည်း ရင်ထဲကို ထိလှပါတယ်။

Photo : အေသင်ချိုဆွေ FB

အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

Photo : အေသင်ချိုဆွေ FB

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က