ဝက်ကလေး မေမေ ဖြစ်နေပြီတဲ့။

မေမေ စန္ဒီမြင့်လွင်ကတော့ သမီးလေး ကိုယ်ဝန်နဲ့ အစားတွေ မရှောင်မိအောင် စားနေရတာ သမီးလေးအတွက် တွေးမိရင်တော့ ဝမ်းသာစရာပါတဲ့။ မကြာခင်မှာတော့ သမီးလေး နာမည်နဲ့ အခွေလေး ထုတ်မယ်လို့ သူကဆိုပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်တစ်ယောက် သမီးလေး ကိုယ်ဝန်နဲ့ အစားတွေ အများကြီး စားနေရပါပြီတဲ့။ သမီးလေး မွေးပြီးရင်တော့ ဝိတ်ချရခက်မယ်ဆိုတာကို အရွှန်းဖောက်ပြီး ပြောပြလာပါတယ်။

‘’သမီးလေးအကြောင်းပြ တစ်သက်လုံး အငတ်ခံ ဝိတ်ချသမျှ အခု အကုန်စားနေတော့လဲ။ သမီးလေးကတော့ စားသမျှရမရတော့ မသိပါဘူး။ မေမေကတော့ သမီးမွေးပြီးတော်တော်ချရခက်တော့မယ်။ ဝက်မေမေလေးဖြစ်သွားပါပြီ။ ဝမ်းသာဝမ်းနည်းပါပဲလေ’’ ဆိုပြီးတော့ မတ်လ ၁၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo:ALinn Yaung

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ သမီးလေးအတွက် ပေးထားတဲ့ နာမည်လေးနဲ့ အခွေထွက်ဖို့ ပြင်ဆင်နေပါပြီ။ သူမဟာ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း ရင်တွေခုန်နေတယ်လို့ ဆိုပါတယ်။

‘’သမီးလေးကို သူ့အဖေပေးထားတဲ့ နာမည်လေးနဲ့အမှတ်တရ Album လေးထွက်ဖို့ တွေးမိတိုင်းရင်ခုန်တယ်’’ ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။ သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း နားထောင်ချင်လှပြီ ဆိုပြီးတော့ Comment ကနေတဆင့် ရေးသားထားကြတာကို တွေ့ရပါတယ်။

Photo: Sandy Myint Lwin

ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံလေးတွေ ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားပါတယ်။

‘’ဒီနေ့က ဒီဒီတို့လက်မှတ်ထိုးတစ်နှစ်ပြည့်တဲ့နေ့လေးပါ။ အမြဲတမ်း စိတ်ချမ်းသာ မျက်နှာမညိုးအောင်ထားတဲ့ယောကျာ်း နောက်လဲ ဒီထက်ပို ထားနိုင်ပါစေနော် ပိုလဲချစ်နိုင်ပါစေလို့ခုဆိုသမီးလေးလဲ ရှိလာပီဆိုတော့ များများပိုချစ်နော်’’ ဆိုပြီးတော့ မတ်လ ၄ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။



က္က