ဇွန်လ အကုန်ပိုင်းမှာ မွေးဖွားတော့မှာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ ဇနီးမောင်နှံကတော့ မွေးလာမယ့် သမီးလေးအတွက် ဝတ်ဖို့အဝတ်အစားတွေ၊ အခန်းတွေကအစ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်တစ်ယောက် ဗိုက်ထဲမှာရှိတဲ့ သမီးလေးအတွက် အစစအရာရာ လိုလေသေးမရှိအောင် ပြင်ဆင်နေပြီလို့ဆိုပါတယ်။ အဝတ်အစားတွေ ဝယ်ပေးရုံတင်မဟုတ်ပဲ သမီးလေးနေဖို့အခန်းကိုတောင် ပြင်ဆင်နေပြီလို့ ပြောပါတယ်။

‘’Treasure အခန်းပြင်နေတာပြီးသလောက်ရှိသမီးအခန်းလားပန်းပုခန်းလားေဖဖေ။ မိန်းကလေးအခန်းက ခန်းစီးကပန်းရောင်ဖြစ်ရမှာပြာနေတယ် ပန်းရောင်လေးလဲရမယ် ခုတော့ပိုက်ပိုက်ကုန်လို့။ သမီးအခန်းကိုသူ့စာအုပ်တွေထားမယ်တဲ့ဖေဖေက ကလေးကတော့ခု မှဗိုက်ထဲ သူ့သမီးပေးဖတ်မှာတဲ့။ ကလေးအခန်းကိုထားပေးတဲ့အရုပ်ကသူစုထားတာတွေတဲ့ ဒါတောင်အများကြီးကျန်သေးတာတဲ့။ ကလေးလန့်တော့မှာပဲ။ မွေးပြီးရင်ဖယ်ပေးမယ်တဲ့။ သူ့ ပန်းပုတွေသူ့သမီးလဲကြိုက်မှာတဲ့ အခန်းအရှေ့ပိုင်းပေါ့ ပြီးသလောက်ရှိမောပြီတစ်အိမ်လုံး’’ ဆိုပြီးတော့ တစ်ပုံချင်းစီရဲ့ အောက်မှာ အခုလို Caption လေးတွေ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Sandy Myint Lwin

အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဇူလိုင်လကုန်ပိုင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။ မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇ လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။


Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

Share

Loading Next Article...
က္က