သဘောမကျရင် ကျော်သွားပါတဲ့။
Ei Ei Myat

သူမ တင်တဲ့ပို့စ်တွေကို သဘောမကျရင် ကျော်သွားပါလို့ ဆိုပါတယ်။ သမီးလေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို ပြန်ချေပလိုက်တာ ဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ဟာ သမီးလေးတွေရဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ အမြဲတင်လေ့ရှိပါတယ်။သူမယခုလို ပုံလေးတွေတင်ခြင်းဟာ ကလေးတွေ ကြီးလာရင် ပြန်ကြည့်ဖို့အတွက် တင်တာဖြစ်ပြီး သူမ တင်ထားတဲ့ပို့စ်တွေကို မကြိုက်ရင် ကျော်သွားနိုင်ပါတယ်လို့ ပြောထားပါတယ်။

သမီးလေးတွေကြီးရင် ပြန်ကြည့်ဖို့အတွက် ပုံလးတွေ စိတ်လိုလက်ရ တင်နေတယ်နော် သဘောမကျရင်ကျော်သွားပါဘယ်သူကမှ အတင်းကြီး မကြည့်ခိုင်း မန့်မပေးခိုင်းပါဘူး တခုတော့ပြောထားမယ် သမီးလေးတွေစိတ်ကို ထိခိုက်စေမယ့် အသုံးအနှုန်းတွေပါလာရင် တခါထဲဘလော့ပါမယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဒီအတိုင်းထားထားလား လာမလုပ်ပါနဲ့ ကျွန်မကအမေပါ” ဆိုပြီး မေလ(၂၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : နန္ဒာလှိုင်

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင်

မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။ နန္ဒာလှိုင်က အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့သူတစ်ဦးပါ။ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


က္က