ဆုသဒ္ဓါမြတ်နိုး လို့ခေါ်ပါတယ်။

ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ရဲ့ သမီးငယ်လေးကိုတော့ ဆုသဒ္ဓါမြတ်နိုး လို့ နာမည်ပေးလိုက်ပါပြီ. အဲ့ဒီနောက် သမီးလေး မွေးဖွားပြီးတဲ့နောက်မှ ပြုလုပ်ဖြစ်တဲ့ အလှူအတန်းတွေ အကြောင်းကိုလည်း ပြောပြလာပါတယ်.

ဟာသသရုပ်ဆောင် ကြာစိနဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးတို့ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကပဲ သမီးလေးအတွက် နာမည်အရင်းလေး မှည့်ပေးလိုက်ပြီဖြစ်ပါတယ်. ဇနီးဖြစ်သူကို အရမ်းချစ်တတ်တဲ့ ကြာစိက သမီးငယ်လေးရဲ့ နာမည်မှာ မေမေ့ နာမည်ပါအောင် ဆုသဒ္ဓါမြတ်နိုး လို့ အမည်ပေးခဲ့ကြောင်း သိရပါတယ်.

'' မေမေပေးတဲ့ နာမည် စံရတီထိပ်ထား. ဖေဖေပေးတဲ့ နာမည် ဆုသဒ္ဓါမြတ်နိုး. မေမေဆုဟန်နီဖြိုး ရဲ့ သမီးလေး. မေမေ့နာမည်လေး ပါစေချင်တဲ့ ဖေဖေကိုအလိုလိုက် ကိုယ်ရွေးထားတဲ့နာမည်လေး တစ်ထစ်လျော့ပြီး အိမ်နာမည်လေး အဖြစ်နဲ့ ထိပ်ထားလေးရဲ့ နာမည်ရင်း ဆုသဒ္ဓါမြတ်နိုး ပါရှင့်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ည ၉ နာရီကျော်က ကြာစိရဲ့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ.

အဲ့ဒီနောက် အလှူရေစက် လက်နဲ့ မကွာ လှူဒါန်းလေ့ရှိတဲ့ ကြာစိတို့ ဇနီးမောင်နှံက သမီးလေး ဆုသဒ္ဓါမြတ်နိုးကို မွေးဖွားပြီးတဲ့နောက် ပထမဆုံးအကြိမ် အလှူအတန်း လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြလာပါတယ်.

'' ချစ်အမအလှု ကျောက်ပန်တောင်းမြို့နှစ်ကျပ်ခွဲကျေးရွာမှာ သပိတ်လွယ် အမှတ်တရ သမီးလေး ဆုသဒ္ဓါမြတ်နိုးရဲ့၂လ အရွယ် ပထမဆုံး နားသမင်္ဂလာ'' ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်.

သရုပ်ဆောင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ဟာ မကြာခဏ အလှူအတန်းတွေ လုပ်ဖြစ်နေတဲ့ ဇနီးမောင်နှံ နှစ်ဦးဖြစ်ပါတယ်. မကြာသေးခင်ကလည်း ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာမှာရှိတဲ့ ရှေးဟောင်း သိမ်ကျောင်းတော်ကြီးအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်.

သရုပ်ဆောင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ဟာ ချစ်သူသက်တမ်း ၂ နှစ်ကျော်အကြာမှာ အိမ်ထောင်ပြုခဲ့ကြတာဖြစ်ပါတယ်. သမီးလေးကိုတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ က ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်. လက်ရှိမှာလည်း သူတို့ မိသားစုလေးက ပျော်စရာကောင်း လှပါတယ်.

Photo- ဆုဟန်နီဖြိုး

Share

Loading Next Article...
က္က