သူမကိုယ်တိုင် ရင်ခုန်နေပါပြီတဲ့။

စန္ဒီမြင့်လွင်ဟာ သမီးလေးရဲ့ နာမည်နဲ့ လုပ်ထားတဲ့ သီချင်းအခွေထွက်လာတော့မှာဖြစ်လို့ ရင်ခုန်နေပါပြီတဲ့။ သူမတို့ ဇနီးမောင်နှံဟာ ဖေဖော်ဝါရီလ အတွင်းမှာ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo: A Lin Yaung

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ သမီးလေးအတွက် ပေးထားတဲ့ နာမည်လေးနဲ့ အခွေထွက်ဖို့ ပြင်ဆင်နေပါပြီ။ သူမဟာ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း ရင်တွေခုန်နေတယ်လို့ ဆိုပါတယ်။

‘’သမီးလေးကို သူ့အဖေပေးထားတဲ့ နာမည်လေးနဲ့အမှတ်တရ Album လေးထွက်ဖို့တွေးမိတိုင်းရင်ခုန်တယ်’’ ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။ သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း နားထောင်ချင်လှပြီ ဆိုပြီးတော့ Comment ကနေတဆင့် ရေးသားထားကြတာကို တွေ့ရပါတယ်။

Photo: Sandi Myint Lwin

ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံလေးတွေ ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားပါတယ်။ 

‘’ဒီနေ့ကဒီဒီတို့လက်မှတ်ထိုးတစ်နှစ်ပြည့်တဲ့နေ့လေးပါ။အမြဲတမ်းစိတ်ချမ်းသာမျက်နှာမညိုးအောင်ထားတဲ့ယောကျာ်း နောက်လဲဒီထက်ပို ထားနိုင်ပါစေနော်ပိုလဲချစ်နိုင်ပါ စေလို့ခုဆိုသမီးလေးလဲရှိလာပီဆိုတော့များများပို ချစ်နော်’’ ဆိုပြီးတော့ မတ်လ ၄ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Sandi Myint Lwin

သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးနောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo: A Lin Yaung

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။



က္က