မွေးဖို့ နီးပြီ။

စန္ဒီမြင့်လွင်က သမီးလေးနဲ့ တွေ့ရတော့မှာမို့ ရင်ခုန်လို့ နေပါတယ်။ သမီးလေးကို လွယ်ထားရတာ (၃၇)ပတ် ရှိလို့နေပါပြီ။

Photo : စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က မကြာခင်မှာ သမီးလေးကို မွေးဖွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ကိုယ်ဝန်က (၉)ပတ်ကျော် ရှိနေပြီ ဖြစ်ပြီး သမီးလေးနဲ့ တွေ့ရတော့မှာမို့ သူမလည်း ရင်တွေခုန်လို့နေပါတယ်။

“သမီးလေးနဲ့တွေ့ရဖို့ရက်ပိုင်းပဲလိုတော့တယ်” ဆိုပြီး ဇူလိုင်(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ သူမကတော့ သမီးလေးကို တွေ့ချင်လွန်းလို့ မစောင့်နိုင်တော့ဘူးလို့ ဆိုပါတယ်။

Photo : စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်တစ်ယောက် ဗိုက်ထဲမှာရှိတဲ့ သမီးလေးအတွက် အစစအရာရာ လိုလေသေးမရှိအောင် ပြင်ဆင်နေပြီလို့ဆိုပါတယ်။ အဝတ်အစားတွေ ဝယ်ပေးရုံတင်မဟုတ်ပဲ သမီးလေးနေဖို့အခန်းကိုတောင် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဇူလိုင်လကုန်ပိုင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။ မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇ လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo : စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။

Share

Loading Next Article...
က္က