သူမလည်း မိသားစုနဲ့အတူ ခရီးထွက်နေသူလေးပါ။

အေးမြတ်သူက ချစ်ရတဲ့ မိဘနှစ်ပါး၊ အစ်ကိုကြီးနဲ့ အတူ ခရီးသွားနေတာကို တွေ့ရပါတယ်။ မိဘနှစ်ပါး ကျန်းမာရေးကောင်းနေတဲ့အချိန် ခရီးထွက်ရတာ ပျော်ဖို့ကောင်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Aye Myat Thu



သရုပ်ဆောင် အေးမြတ်သူက မိသားစုတွေနဲ့အတူ ပြည်ပကို ခရီးအတူတူ ထွက်နေတာ တွေ့ရပါတယ်။ သူမနဲ့အတူ ဖေဖေရယ်၊ မေမေရယ်နဲ့ တစ်ဦးတည်းသော အစ်ကိုကြီးနဲ့ ပျော်ပျော်ပါးပါး လည်လည်သွားနေကြပါတယ်။ 

‘’မိသားစုဆိုတာ မမြတ်လေးရဲ့ဘဝမှာ အရင်းနှီးဆုံးနဲ့ ရန်အဖြစ်ဆုံးရဆုံး သံယောဇဉ်တွယ်တာရဆုံး။ မိဘတွေ ကျန်းမာနေတုန်း ခရီးများများထွက်ပါ။ စားချင်တာလေးတွေ ဝယ်ကျွေးပါ။ လိုချင်တာလေးတွေလည်း ဝယ်ပေးပါ’’ ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံ အများကြီးကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Aye Myat Thu

မိဘအပေါ် နားလည်သိတတ်၊ အရမ်းချစ်တတ်တဲ့ သမီးအလိမ္မာလေးတွေထဲမှာမှ အေးမြတ်သူလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ် မလုပ်ခင်က မိသားစုနဲ့အတူ ဈေးရောင်းခဲ့ရသူ တစ်ဦးပါတဲ့။ ဒီလို ဘဝလေးကိုလည်း သူမကိုယ်တိုင် နှစ်သက်တဲ့ အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း အေးမြတ်သူက အချစ်ရေးထက် အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။

Photo: Aye Myat Thu

အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိခဲ့တာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ



က္က