တကယ်ကို နာမည်ကြီး အမှတ်တံဆိပ်တွေပါပဲ။

မြို့တော် စည်ပင်ဝန်ထမ်းတွေအတွက် စမိုင်းလ်က အဝတ်အထည် ၁၀၀ လှူသွားမယ်လို့ဆိုပါတယ်။ တကယ်ကို နာမည်ကြီးအမှတ်တံဆိပ်တွေပါပဲ။

Photo: Smile



သရုပ်ဆောင် စမိုင်းလ် တို့ ဇနီးမောင်နှံက မြို့တော်စည်ပင်လုပ်သားတွေအတွက် အဝတ်အထည်တွေ လှူဒါန်းမယ်လို့ သိရပါတယ်။ အထည် ၁၀၀ လှူဒါန်းသွားမယ်လို့ဆိုပါတယ်။

‘’မြို့တော်သန့်ရှင်းအောင်အမြဲလုပ်နေပေမဲ့သူတို့ကိုကျေးဇူးတင်ဖို့အမြဲမေ့လျော့နေခဲ့တယ်။ မြို့တော်စည်ပင်က ဝန်ထမ်းတွေကိုသူငယ်ချင်းတွေစုပေါင်းလှူဒါန်းမယ့် အစီအစဉ်လေးမှာ ကိုယ်လည်းတတ်နိုင်သလောက်ကုသိုလ်ပါဝင် အကျီအထည်ပေါင်း ၁၀၀ ပါဝင်ဒါနပြု’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Smile

လှူဒါန်းလိုက်တဲ့ အဝတ်အထည်အမျိုးအစားတွေကလည်း Hugo boss , Burberry , Manchester and Hackett စတဲ့ အကောင်းစား၊ အမိုက်စားတွေချည်းပါပဲ။ ဒီလို လှူဒါန်းရတဲ့ ကုသိုလ်ဒါနကိုလည်း စမိုင်းလ် ကိုချစ်ကြတဲ့ ပရိသတ်တွေက သာဓု တွေ ခေါ်ဆိုခဲ့ကြပါတယ်။ လူကလည်း ချမ်းသာသလို အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့သူတွေထဲမှာတော့ စမိုင်းလ် တို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။

Photo: Smile

သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က