Ei Ei Myat

ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်လေး တစ်ခုကို တိုင်ရွန်ကတော့ အကောင်အထည် ဖော်လိုက်နိုင်ပါပြီ။ မိဘတွေကို ကွန်ဒိုအိမ်လေးတစ်လုံး လက်ဆောင်ပေးနိုင်ခဲ့လို့ အရမ်းကိုပျော်နေပါတယ်။

 

Photo : တိုင်ရွန်

သရုပ်ဆောင် တိုင်ရွန်ကတော့ အမေနဲ့အဖေကို ကွန်ဒိုအိမ်လေးတစ်လုံးနဲ့ Surprise လုပ်ခဲ့တာပါ။ ဒီအချိန်လေးကတော့ သူ့ဘဝအတွက် အပျော်ဆုံး အချိန်တစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ အိပ်မက်တွေ တစ်ကယ်အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းသာလို့နေပါတယ်။

“ဘဝမှာ အပျော်ဆုံးနေ့ ကျွန်တော် အိမ်မက်တွေ တကယ်ဖြစ်ခဲ့ပါပြီ ကျွန်တော် အဖေ နဲ့ အမေပေါ် ငယ်ကဆိုးခဲ့တယ် ပညာရေးဆုံးခမ်းမတိုင်ခဲ့ဘူး သူတို့ ဖြစ်စေချင်တဲ့အရာတွေမလုပ်ပေးနိုင်ခဲ့ဘူး ကျွန်တော့်မှာ ငယ်ကထည်းက အိမ်မက်လေးရှိတယ်ဗျ အဲ့ဒါက အဖေနဲ့ အမေကို အိမ်ပိုင်လေးတစ်လုံး လက်ဆောင် ပေးချင်တာဘဲဗျာ အရမ်းပင်ပန်းခဲ့ရတဲ့ အဖေနဲ့ အမေ ကိုသားဒီနေ့ သားဖြူစင်တဲငွေနဲ့ ကွန်ဒိုအိမ်လေးတစ်လုံးလက်ဆောင်ပေးနိုင်ခဲ့ပြီ ကားအသစ်ဝယ်မယ်ဆိုပြီး စုထားခဲ့တာလေးနဲ့ သူတို့ကို surprise လုပ်နိုင်ခဲ့တယ် ရန်ကုန်မှာ မရှိပေမယ့် သားအဝေးကနေလှမ်းကန်တော့ လိုက်ပါတယ် အဖေနဲ့အမေကျန်းမာပါစေ သားလိမ္မာတစ်ယောက်ဖြစ်ဖို့ အမြဲ ကြိုးစားနေထိုင်သွားပါ့မယ်” ဆိုပြီး ဇူလိုင်(၁၅) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo : တိုင်ရွန်

ဖြူစင်တဲ့ငွေလေးနဲ့ မိဘနှစ်ပါး လိုချင်တာကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ တိုင်ရွန်အတွက် ပရိသတ်တွေ သူငယ်ချင်းတွေက ဝမ်းသာဂုဏ်ယူလို့နေပါတယ်။ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

 

Photo : တိုင်ရွန်

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က