နေရာ(၂) နေရာမှာ အလှူလုပ်ခဲ့တာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်တို့ဟာ သမီးလေး ခင်လင်းထင်ရဲ့ အသက် (၁) နှစ်နဲ့(၂) လပြည့်အမှတ်တရလေးကို အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ 

Photo: Sandi Myint Lwin



စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်းသော သမီးလေး ထရက်ရှာ( ခေါ်) ခင်လင်းထင်ကတော့ ဒီနေ့ ( စက်တင်ဘာလ ၁၄ ရက်) မှာ အသက် တစ်နှစ်နဲ့ နှစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူတူ အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ 

"ဒီနေ့ ထရက်ရှာ တစ်နှစ်နှစ်လပြည့် အမှတ်တရ ကာလဒါနအလှူအနေနဲ့ ရွှေမြိုင်သီရိသီလရှင်ကျောင်း၊ ကန်ဦးဘုန်းဘုန်းကျောင်းနဲ့ ဆရာတော်အရှင်မုနိန္ဒ တို့ကို ဆန်ဆီ ဝတ္ထု များလှူဒါန်းဖြစ်ခဲ့ပါတယ် ခုနှစ်ရက်သားသမီးအားလုံးကိုယ်စားလှူဒါန်းခဲ့ပါတယ်ရှင်" ဆိုပြီးတော့ စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် (၈) နာရီဝန်းကျင်က တင်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: Sandi Myint Lwin

သမီးလေး ခင်လင်းထင်( ခေါ်) ထရက်ရှာ ကတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လ(၁၄) ရက်နေ့တုန်းက အသက် တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ပြည့် မွေးနေ့ကိုတော့ သူမကို ချစ်တဲ့ မိတ်ဆွေ၊ ပရိသတ်တွေက YGW မိဘမဲ့ ကလေးများကျောင်းမှာ မွေးနေ့ အလှူ ပြုခဲ့ပါတယ်။ ထရက်ရှာလေးဟာ မွေးကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို ပန်းလှိုင်ဆေးရုံမှာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ သမီးလေးကိုတော့ အိမ်ခေါ်နာမည် ထရက်ရှာလို့ အမည်ပေးထားပြီး သမီးလေး(၆)လအရွယ်မှာတော့ မြန်မာနာမည်အဖြစ် ခင်လင်းထင်လို့အမည်ပေးခဲ့တာတွေ့ရပါတယ်။ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၇ လရှိခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က