အခုဆိုရင်တော့ ကိုယ်ဝန် ၂၈ ပတ်ရှိပြီလို့ သိရပါတယ်။

ဆန်းသစ်လ ကတော့ ဗိုက်ထဲမှာ ရှိတဲ့ သမီးလေးရဲ့ ပုံရိပ်တွေကို ကြည့်ပြီး မိခင် တစ်ယောက်ရဲ့ ရင်ထဲက စကားတွေကို ပြောပြလာပါတယ်။ 

Photo: San Thit La



သရုပ်ဆောင် ဆန်းသစ်လကတော့ ပထမဆုံး ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားရတာ ဖြစ်ပါတယ်။ သူမဟာ ဗိုက်ထဲက သမီးလေးရဲ့ ပုံရိပ်လေးကို ကြည့်ရင်း ပီတိဖြစ်နေရပါတယ်တဲ့။ 

" သမီးလေးရဲ့မျက်နှာလေးမြင်ရပြီ။ အသည်းတွေယားလိုက်တာဆိုတာ ဖေနဲ့မေတော့ အချစ်တွေပိုရပြန်ပါပြီသမီးလေးရေ။ 28weeks_pregnancy" ဆိုပြီးတော့ ဆန်းသစ်လ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ သမီးလေးရဲ့ ဓာတ်ပုံလေးတွေကိုလည်း အမှတ်တရ အတူတွဲပြီး တင်ခဲ့ပါသေးတယ်။ 

Photo: San Thit La

ဆန်းသစ်လဟာ ကိုယ်ဝန် (၂၂) ပတ်မှာကတည်းက သမီးလေး ဖြစ်မယ်ဆိုတာကို သိထားပြီးသားဖြစ်ပါတယ်။ သမီးလေးကိုတော့ (၉) လပိုင်း ၊(၁၀) လပိုင်းလောက်မှာ မွေးဖွားမယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်ကလည်း သမီးလေး လိုချင်တာကြောင့် အရမ်းပျော်နေမိတာပါတဲ့။ သမီးလေးကို ပညာရေးမှာလည်း ထူးချွန်ထက်မြတ်စေချင်တာကြောင့် အခုကတည်းက ကျောင်းတွေ ရွေးထားတာ ဖြစ်ပြီး ဝါသနာပါတဲ့ အရာတိုင်းကို အကောင်းဆုံး ပံ့ပိုးပေးဖို့လည်း စိတ်ကူးထားတယ်လို့ သူက ဆိုပါတယ်။ 

Photo: San Thit La

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က