သမီးလေး မြမိုးဂင်္ဂါက အခုဆိုရင်အသက် ၆ နှစ်ပြည့်ပါပြီ။

သမီးလေး မြမိုးဂင်္ဂါရဲ့ အသက် ၆ နှစ်ပြည့် မွေးနေ့မှာတော့ ဖေဖေ ဘုဏ်းသိုက်၊ မေမေချမ်းချမ်းတို့နဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။ ဖေဖေ ဘုဏ်းသိုက်ကတော့ သမီးလေးအတွက် မွေးနေ့ အမှတ်တရ စကားတွေ အများကြီး ပြောခဲ့ပါသေးတယ်။ 

Photo: Hpone Thike



ဒီနေ့(ဇန်နဝါရီလ ၂၄) ကတော့ အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး မြမိုးဂင်္ဂါ ရဲ့ အသက် ၆ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဖေဖေ ဘုဏ်းသိုက် လုပ် ပေးတဲ့ မွေးနေ့ပွဲလေးကို မေမေ ချမ်းချမ်းလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ 

“Very Happy Birthday My Bb'girl ••မြမိုးဂင်္ဂါ။ သမီးလေးကို မွေးတဲ့ နေ့မှာပဲ အဘိုးအဘွားတွေ၊ မိဘတွေ ဦးလေးတွေ နဲ့ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတွေကို ဆေးရုံကို ဇွတ်အတင်းဖိတ်၊ Birthday Cake ပေါ် ဖယောင်းတိုင်လေး တစ်တိုင်ထွန်းပြီး သမီးလေးအတွက် ဦးဦးဖျားဖျား ပထမဦးဆုံး သော မွေးနေ့ပွဲလေး ကို ဆေးရုံပေါ်မှာပဲ ဖန်တီးပေးဖြစ်ခဲ့တယ်။ ဂစ်တာသံတွေ ရယ်သံလွင်လွင်တွေနဲ့ စခဲ့တဲ့ ဇန်နဝါရီ ၂၃..” လို့ ဆိုပါတယ်။ 

Photo: Hpone Thike

ဘုဏ်းသိုက်ကတော့ သမီးလေးအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းတရားတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ သမီးလေးရဲ့ ဓာတ်ပုံကိုလည်း ရင်ဘတ်မှာ ဆေးမှင်ကြောင်ထိုးထားတယ်လို့ ဆိုပါတယ်။ 

" သူမ မေမေရဲ့ ဘယ်လက်ရုံးလေးဟာ ကျွန်တော့်ရဲ့ အနုပညာ ဖြစ်တယ်။ မြမိုးဂင်္ဂါ ဆိုတာကို ဘယ်ဘက်ရင်ညွန့်မှာ မှင်ကြောင်ထိုး၊ သူ့ ဖေဖေဟာ အဲဒီလိုလည်း သူ့သမီးလေးကို သူ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးတယ်..။ ဒီနေ့တော့ ကျွန်တော့်ရဲ့ အနုပညာလေး အသက် ( ၆ ) နှစ်ပြည့်ပြီပဲ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး ...လို့ ဆုမတောင်းဖြစ်ဘူး..။ တကယ် ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Hpone Thike

သမီးလေး မြမိုးဂင်္ဂါကတော့ အခုဆိုရင် ချစ်သူ၊ ခင်သူတွေ အရမ်းကို ပေါများလှတဲ့ ကလေးတစ်ယောက်ပါ။ အရမ်းကို သိတတ်လိမ္မာလွန်းလို့လည်း ပရိသတ်တွေက ချစ်နေကြတာဖြစ်ပါတယ်။ ဘုဏ်းသိုက်ကတော့ သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားပြောပြလာပါတယ်။ 

“သမီးလေးကို ချစ်တဲ့ သူတွေနဲ့ အတူ ဘဝကို ဖြတ်သန်းရင်း ရယ်သံလွင်လွင် လေးတွေ ထည်လဲ ဝတ်ဆင်နိုင်ပါစေ။ အမှား အမှန် အကောင်း အဆိုးကို ခွဲခြားသိတဲ့... ခွဲခြားနိုင်တဲ့ ညဏ်ပညာနဲ့ သန့်စင် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမှာ သမီးလေး ဟာ အမြဲတမ်း လိပ်ပြာလှလှလေး ပျံသန်းနေနိုင်ပါစေ” လို့ သူကဆိုပါတယ်။ 


Photo: Hpone Thike

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ချမ်းချမ်းကတော့ ဂီတနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးလည်း ဦးဆောင်နေသူ တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က