နှင်းဆီအဖွဲ့သားတွေကလည်း မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။

ကျော်ကျော်ဗိုရဲ့ သမီးလေးကတော့ ဒီနေ့(မတ်လ၂၁) ရက်နေ့မှာ အသက် ၁၀နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။ 

Photo: Kyaw Kyaw Bo



ကျော်ကျော်ဗို ကတော့ သမီးလေး Ike ရဲ့ မွေးနေ့မှာ သူ့ရင်ထဲက စကားတွေကို သမီးလေးအတွက် မွေးနေ့ လက်ဆောင်ပေးခဲ့ပါတယ်။ 

"ကျွန်တော် ဘဝရဲ့အစစအရာရာကို တစ်ဦးတည်းသော စီမံခန့်ခွဲပိုင်ခွင့်ရှိသူ၊ ကျွန်တော့် ချစ်သမီးလေး ပြိုင်သူခ @ Ike 10 နှစ်ပြည့်မွေးနေ့မင်္ဂလာမှသည်ယဉ်ကျေးလိမ္မာ၍ တတ်သိထူးချွန် ထက်မြက်ကျန်းမာ သော သမီးလေးဖြစ်ပါစေကြောင်း.. # ဖေဖေရေ ဖေဖေ့ မြေး 10 နှစ်ပြည့်ပြီဗျ" ဆိုပြီးတော့ မတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Kyaw Bo

Ike လေးအတွက်ကိုလည်း နှင်းဆီအဖွဲ့သားတွေက "Happy Birthday ပါ သမီးလေး" Ike ဆိုပြီးတော့ မွေးနေ့ ဆုတောင်းပေးထားပါသေးတယ်။ နှင်းဆီအဖွဲ့သားတွေနဲ့ သမီးလေး Ike က တော်တော်လေး ရင်းနှီးတယ်လို့ ကျော်ကျော်ဗိုက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“သမီးက အဓိက ကတော့ နှင်းဆီအဖွဲ့ထဲမှာ ကြီးလာတာဆိုတော့ ဘယ်သူ့ကိုမှ ရှိန်တာ၊ ရှက်တာတို့ ဘာမှ မရှိဘူး။ သူက နေတိုး နဲ့လည်း Close ဖြစ်တယ်၊ မင်းသွေးတို့ ထွန်းထွန်း တို့နဲ့လည်း Close ဖြစ်တယ်။ သမီးကို မိန်းမက ကိုယ်ဝန်လွယ်ထားရတဲ့အချိန်တုန်းက ဘန်ကောက်ကို သွားလည်ကြတော့ သမီးအတွက်ပစ္စည်းတွေလည်း ဝယ်တာပေါ့။ သမီးရဲ့ ရေချိုးတဲ့စင်က ထွန်းထွန်းကိုယ်တိုင် ပုခုံးပေါ်ထမ်းပြီး လေဆိပ်ကို သယ်လာတာ။ သူ့ဦးလေးတွေနဲ့ကတော့ အဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Tun Tun

နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က