ကြည်နူးဖို့ ကောင်းလိုက်တာ။

အဆိုတော် ဝိုင်းလေးနဲ့ ခင်ဝင့်ဝါတို့မိသားစုက မတ်လ(၁၇) ရက်နေ့က မိဘမဲ့ ကလေး အယောက် (၆၀) ကို သင်္ကန်းစည်းပေးခဲ့ပါတယ်။ ရွာသာကြီးအကျော်မှ မဟာနွယ် ပရဟိတကျောင်းမှာရှိတဲ့ ကလေးအယောက် (၆၀) ကို သာသနာ့ဘောင် သွတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo : Nyar Na

အဆိုတော် ဝိုင်းလေးနဲ့ သရုပ်ဆောင် ခင်ဝင့်ဝါတို့နှစ်ယောက်ပေါင်းပြီး မတ်လ(၁၇) ရက်နေ့က မဟာနွယ် ပရဟိတကျောင်းမှာရှိတဲ့ မိဘမဲ့ ကလေးအယောက် (၆၀) ကို သာသနာ့ဘောင်ထဲသို့ သွတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလှူကြီးကိုကြည့်ပြီး ပရိသတ်တွေလည်း ပီတိဖြစ်နေကြပါတယ်။

Photo : Nyar Na

ဝိုင်လေးနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်ရဲ့ အလှူလေးကိုလည်း ဓာတ်ပုံဆရာ ကိုဉာဏက မှတ်တမ်းတင်ပေးထားတာ ဖြစ်ပြီး ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ မိသားစုများရဲ့ ရှင်သာမဏေအပါး(၆၀) သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်းအလှူတော်ဆိုတဲ့ စာလေးရေးသားကာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မတ်လ(၁၇) ရက်နေ့က တင်ထားတာပါ။


ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ နှစ်ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးအကြောင်းတွေလည်း ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ဝင့်ဝါရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက် ပြီး ဝိုင်းလေးတစ်ယောက် ဘယ်လိုတွေပြောပြလာတယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' သူက ညီမကို အရင်ကဆိုရင် နင်ယူပြီးမှ ငါယူမယ်လို့ပြောတယ်။ အခုကျတော့ သူက စိတ်ပြောင်းသွားပြီ မယူနဲ့တော့တဲ့ နင်နဲ့ငါ အတူတူနေ မယ်လို့ပြောတယ်။ ငါ နင့်ကိုတော့ မကြိုက်ဘူးနော်လို့တော့ ပြောပစ်လိုက်တယ်။ အရင်တုန်းကတော့ သူက လေယာဉ်ပျံကြီးပေါ်မှာ မင်္ဂလာဆောင်ချင်တယ်လို့ပြောတယ်။ အခုကျတော့ နေရာပြောင်းသွားပြီ'' လို့ ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။

Miss Myanmar World 2014 ဝိုင်းလေးနဲ့ Miss Supranational Myanmar 2013 ခင်ဝင့်ဝါတို့ဟာ အလှမယ်ဖြစ်ရုံသာမက အနုပညာလမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်း နေကြသူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရင်တုန်းကထက်ပိုပြီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တိုင်ပင်ဖော် တိုင်ပင်ဖက်ကောင်းအဖြစ်နဲ့လည်း ခင်မင်လျှက်ရှိတယ်လို့ ဆိုပါတယ်။



က္က