ကြည်နူးစရာလေး။

အဆိုတော် ရတနာမိုင်ဟာ ဖေဖော်ဝါရီ(၂၈) ရက်နေ့က မိဘမဲ့ကလေးများကို ရှင်သာမဏေအဖြစ် ရှင်ပြုပေးခဲ့ပြီး သာသနာ့အမွေကို ခံယူစေခဲ့ပါတယ်။ သူမ ပြုလုပ်တဲ့အလှူဒါနများဟာ ပရိသတ်တွေရဲ့ အလှူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Photo : ရတနာမိုင်

အဆိုတော် ရတနာမိုင်ဟာ မိသားစုနဲ့အတူ မိဘမဲ့ကလေး(၁၆) ယောက်ကို ရှင်ပြုပေးခဲ့ပါတယ်။ ရှင်ပြုအလှူတော်ကိုတော့ ရွှေပြည်သာမှာရှိတဲ့ ဓမ္မဂုဏ်ရည် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမပြုလုပ်တဲ့ အလှူဒါနများကိုလည်း ပရိသတ်တွေကုသိုလ်ရအောင် ယခုလို ပြောပြထား တာတွေ့ရပါတယ်။

ဒီနေ့ မိုင်လေးတို့မိသားစု ဓမ္မဂုဏ်ရည် ရွှေပြည်သာကျောင်းတိုက်တွင် မိဘမဲ့ကလေးများအား ရှင်သာမဏေအဖြစ်ရှင်ပြုအလှူတော်မင်္ဂလာ (၇) ရက်သားသမီးများ နတ်လူသာဓုခေါ်စေသော်ဝ် အမျှ အမျှ အမျှ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၈) ရက်နေ့က ရေးသားထားတာပါ။

Photo : aroma

သူမပြုလုပ်တဲ့ အလှူအတန်းလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။ရတနာမိုင်ဟာ ဂီတလောကမှာ တစ်ခေတ် တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ သူမရဲ့ လက်ထပ်မှာလည်း မိခင်ရဲ့ ဂီတအမွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။

သူမက တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း ဆုတံဆိပ်တွေရရှိထားသူပါ။ လက်ရှိမှာလည်း ဖျော်ဖြေရေးပွဲတွေ သွားနေရပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ “မမေ့ပါနဲ့” ၊ “လိုရာသုံး” စတဲ့သီချင်းလေးတွေဟာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်တဲ့ သီချင်းလေးတွေ ဖြစ်လို့နေပါတယ်။



က္က