အချစ်ရေးကလည်း သူမအတွက် အရေးမကြီးပါဘူးတဲ့။

ခွန်းဆင့်နေခြည်ဟာ မိခင်နဲ့ အစ်ကိုဖြစ်သူတို့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပါတယ်။ 

Photo: Khun Sint Nay Chi



ခွန်းဆင့်နေခြည်ကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ရယ်၊ အစ်ကိုရယ်ကို ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ သူမဟာ အချစ်ရေး ၊ အနုပညာအရေးတွေထက် မိသားစုအရေးက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

"ကိုယ့်အောင်မြင်မှုနဲ့အမေနဲ့ဘယ်ဟာကိုပိုဦးစားပေးမလဲတဲ့ မေးရက်လိုက်တာ ကိုကိုတို့ရယ်။ လူမသေသ၍ငွေရှာလို့ရတယ်။ အောင်မြင်မှုဆိုတာလည်း ရာသက်ပန်မမြဲနိုင်ဘူး။ မိဘဆိုတာကအစားထိုးလို့မရဘူး။ ကျွန်မက အနုပညာလောကမှာ current ဖြစ်နေတဲ့ နံပါတ် တစ်လည်းမဟုတ်ဘူး။ ပရိသတ်ပေးထားတဲ့နေရာလေးတစ်ခုမှာတည်ရှိနေခွင့်ရနေတဲ့သူတစ်ယောက်လောက်ဘဲ။ ကိုယ်ဟာ current ဖြစ်နေတဲ့ နံပါတ် တစ် နေရာမှာရှိနေခဲ့ရင်တောင် ကိုယ်မရှိလို့မဖြစ်တဲ့ disabled မိခင်ကြီးနားမှာဘဲနေပြီး ထော်လော်ကန့်လန့်လုပ်လာတဲ့ အရာတွေအားလုံးကို စွန့်လွှတ်ပစ်မှာ။ ဒါ့ကြောင့်မို့လို့ "မင်းဘဲလာ မင်းအမေတော့မလာနဲ့လို့ပြောတဲ့" မီလျှံနာ ဘဲနာကြီးကိုခေါက်လွှတ်ထည့်လိုက်တယ် ဒါဘဲ ကိုယ်ကသူ့ထက်ချမ်းသာတယ်။ (လူလိုသိတတ်တဲ့စိတ်ကိုပြောပါတယ်)" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Khun Sint Nay Chi

ခွန်းဆင့်နေခြည်ဟာ Disabled ဖြစ်နေတဲ့ မိခင်နဲ့ အစ်ကို တို့ရဲ့ လုံခြုံရေးအတွက် နေအိမ်အတွင်းမှာ CCTV ၁၆ လုံး တပ်ဆင်ထားပြီး စောင့်ရှောက်နေရသူပါ။ မိသားစုဝင်တွေထဲမှာ သူမက ကျန်းမာရေးကောင်းသူဖြစ်တာကြောင့် စီးပွားရှာရင်း ပြုစုစောင့်ရှောက်ပေးနေတာလို့ ပြောပါတယ်။ လက်ရှိမှာတော့ သူမက New York မှာ မိသားစုနဲ့အတူနေထိုင်တာဖြစ်ပါတယ်။ အခုလက်ရှိမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။  

Photo: Khun Sint Nay Chi

ခွန်းဆင့်နေခြည်ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်းပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က