ပီတိဖြစ်ရတာတွေကိုလည်း အခုလို ပြောပြလာပါတယ်။
Sabal Thwin

ပိုင်တံခွန်ဟာ မိဘနှစ်ပါးအတွက် အရင်ကတည်းက ဖြစ်စေချင်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ 

ပိုင်တံခွန်ကတော့ သူချစ်ရတဲ့ မိဘနှစ်ပါးအတွက် အိမ်တစ်လုံး၊ ကား တစ်စီး ဝယ်ပေးခဲ့တာကို တွေ့ရပါတယ်။ မိဘ နှစ်ပါးရဲ့ ပျော်ရွှင်မှုက သူ့အတွက် အရမ်းပီတိဖြစ်ရတယ်လို့ သူက ဆိုပါတယ်။ 

"ကျွန်တော့်ရဲ့ ကံကောင်းခြင်းတွေက မိဘ ကို ကျွေးမွေးပြုစုခြင်းက လာတာပါ။ ဒီနေ့ အိမ်သစ်‌လေးတစ်လုံး နဲ့ ကား တစ်စီး ကို အဖေ အမေ အတွက် ကျွန်တော် လက်ဆောင်ဝယ်ပေးဖြစ်တာပါSurprise လုပ်ဖို့ အမျိုးမျိုးလိမ်ပြီးခေါ်ခဲ့ရတယ်။ နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငို ကျွန်တော်လည်း ပီတိဖြစ်ရ" ဆိုပြီးတော့ သြဂုတ်လ ၂ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: Paing Takon

ပိုင်တံခွန်ရဲ့ သိတတ်လိမ္မာမှုတွေကို အနုပညာရှင်များစွာတို့ကလည်း Comment ကနေတဆင့် ချီးကျူးဂုဏ်ပြုခဲ့ကြတာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကိုယ်တိုင်ကလည်း မိဘနှစ်ပါးအတွက် သူ့စိတ်ကူးထဲက ပုံရိပ်လေးကို အကောင်အထည်ဖော်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"အခုချိန်မှာတော့ ကျွန်တော် ပီတိက ကျွန်တော် သိပ်ကို မြင်ချင်တဲ့ အရင်တစ်ချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ။ နောက်ဆုံးအနေနဲ့ ကျွန်တော် ပရိသတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေးမဟုတ်ပါဘူး။ မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ။ အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ" ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။ 

Photo: Paing Takon

ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က