မိဘတွေအပေါ် အရမ်းသိတတ် လိမ္မာတဲ့ သမီးလေးတစ်ယောက်ပါပဲ။
ဖွေးဖွေးက သူမရဲ့ မိဘနှစ်ပါးကို ရွှေဖူးစာ ရုပ်ရှင်ကားကြီးရိုက်ကူးရေးပြီးဆုံးသွားတဲ့ အချိန်မှာ ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ ကန်တော့ခဲ့တာ တွေ့ရပါတယ်။ 

Photo: Phway Phway



ပရိသတ်အချစ်တော်မလေး ဖွေးဖွေးကတော့ မိဘနှစ်ပါးကို အရမ်းချစ်တတ်တဲ့ သမီးလိမ္မာလေးဆိုတာ အားလုံးသိကြမှာပါ။ အခုလည်း ရွှေဖူးစာ ရုပ်ရှင်ကားကြီးရိုက်ကူးပြီးတဲ့အချိန်မှာ သူမရဲ့ မိဘနှစ်ပါးကို အနုပညာကြေးတွေနဲ့ ကန်တော့ခဲ့တာ တွေ့ရပါတယ်။ 

"မနေ့ကရွေဖူးစာ ရုပ်ရှင်ဇတ်ကားရိုက်ပြီးသွားလို့ အဖေနဲ့အမေကိုကတော့တဲ့ချစ်သမီးဖွေးစိန်.......ဒီနှစ်လည်းအကယ်ဒမီ ထပ်ရပါစေဗျား လေးထပ်ကွမ်းပေါ့" ဆိုပြီးတော့ မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီကျော်က ဖွေးဖွေးရဲ့ ဖခင် ဦးမောင်ဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် သမီးချောလေး ဖွေးဖွေး ကန်တော့နေတဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Phway Phway

ဖွေးစိန်ကတော့ မကြာသေးခင်က ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ရိုက်ကူးတဲ့ " ရွှေဖူးစာ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တောသူဌေးမလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား အမျိုးအစားကတော့ ကျေးရွာဟာသဇာတ်ကားလေးပါ။ ဟာသဇာတ်ကားတွေကို မရိုက်တာ တော်တော်ကြာပြီဖြစ်တဲ့ ဖွေးဖွေးက " ရွှေဖူးစာ" ရုပ်ရှင်ဇာတ်ကားမှာ ပြန်ပြီးတော့ ပါဝင်လာတာကလည်း ပရိသတ်တွေကို မတူညီတဲ့ ရသတွေ ထပ်ပေးချင်လို့ပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Phway Phway

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က