ပရိသတ်တွေ မျှော်မှန်းထားတဲ့ အလှမယ်နဲ့ ထပ်တူကျရဲ့လား။

နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိတဲ့ Miss Myanmar International အလှမယ် ရွေးချယ်ပွဲကြီးက ဒီနှစ်အတွက် အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါပြီ။ Miss Myanmar International သရဖူကြီးကို ခါးနံပါတ် (၅) အလှမယ် ခင်ဥမ္မာမြင့်က ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

 

Miss Myanmar International 2019 Grand Final ပြိုင်ပွဲကြီးကို သြဂုတ်လ(၁၄) ရက်နေ့ ညပိုင်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာတော့ Miss Myanmar International 2019 ဆုကို အလှမယ် ခင်ဥမ္မာမြင့်က  ရရှိခဲ့ပြီး ၊ 1st Runner Up ဆုကို ခါးနံပါတ်(၁၅)မျိုးသီရိကို ၊ 2nd Runner Up ဆုကို ခါးနံပါတ် (၂၀) ယမုံတို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာတော့ အလှမယ်များဟာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြသလို မိမိတို့ရဲ့ Talent များကိုလည်း ပေါ်လွင်အောင် ယှဉ်ပြိုင် နိုင်ခဲ့ကြပါ တယ်။ Miss Myanmar International 2019 ပြိုင်ပွဲမှာတော့ အလှမယ် အယောက်(၂၀)ထဲက Top(10)၊ Top(5) ဆိုပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာ လည်း ဖြစ်ပါတယ်။

Miss Myanmar International 2019  Winner ဆု ရရှိခဲ့တဲ့ အလှမယ် ခင်ဥမ္မာမြင့်ကတော့ ဆုငွေ  သိန်း ၁၀၀အပြင် အခြားသော ဆုငွေများ ရရှိခဲ့သလို ၊ 1st Runner Up ဆု ရရှိခဲ့သူ အလှမယ်မှာ ငွေကျပ် သိန်း ၆၀ ၊ 2nd Runner Up ဆု ရရှိသူ အလှမယ်က ငွေကျပ် သိန်း ၄၀ တို့ ရရှိခဲ့ကြပါတယ်။

Miss Myanmar International 2019 Winner အလှမယ်ကတော့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss International 2019 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး၊ ၂၀၁၇ခုနှစ် စဝ်ယွန်းဝတီဦး၊ ၂၀၁၈ခုနှစ်မှာ အလှမယ် မေယုခေတ္တာ တို့ဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာစင်မြင့်ထက်တို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က