ရင်ခုန်စရာကောင်းတဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် Miss Universe Myanmar ဆု ကိုတော့ ဘားအံကိုယ်စားပြု အလှမယ် ဆွေဇင်ထက်  က   ရရှိပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ သူမကတော့ ပြည်ပနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Universe ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခွင့်ရပြီဖြစ်ပါတယ်။

၇ ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Miss Universe Myanmar 2019 နောက်ဆုံးပြိုင်ပွဲကြီးကို မေလ ၃၁ ရက်နေ့ ညက Novotel Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့  ဘားအံ   ကိုယ်စားပြုအလှမယ် ဆွေဇင်ထက်   က Miss Universe Myanmar 2019 Winner ဆုကို ရရှိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ 1st Runner Up ဆုကိုတော့ မြိတ်အလှမယ် မွှေးသက်    ၊ 2nd Runner Up ဆုကိုတော့   မန္တလေး အလှမယ် ထက်သီရိဇော် ၊ 3rd Runner Up ဆုကိုတော့ မင်းဘူး  အလှမယ် ထွန်းပုလဲရတနာ ၊ 4th  Runner Up ဆုကို မြစ်ကြီးနားအလှမယ် လင်းထက်ထက်ကျော်    ၊ 5th  Runner Up ဆုကိုတော့ ပုသိမ်အလှမယ် ဆုဆုစန္ဒီတို့က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။



ဒီပြိုင်ပွဲကြီးမှာတော့ ပြည်နယ်နှင့်တိုင်း အလှမယ် ၂၆ ယောက် တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီအထဲမှာမှ  Swim Suit round မှာ အလှမယ် ၁၃ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက် နောက်ဆုံး ဆန်ခါတင် ၆ ဦးကို ရွေးချယ်တဲ့ အခါမှာတော့ ပရိသတ်ကပေးတဲ့ Voting  အများဆုံး အလှမယ်ကတော့ မြစ်ကြီးနား အလှမယ် လင်းထက်ထက်ကျော်၊ မန္တလေးအလှမယ် ထက်သီရိဇော်၊ မြိတ် အလှမယ် မွှေးသက်၊ ပုသိမ်အလှမယ် ဆုဆုစန္ဒီ၊ ဘားအံအလှမယ် ဆွေဇင်ထက် နဲ့ မင်းဘူးအလှမယ် ထွန်းပုလဲရတနာတို့က ပါဝင်ခဲ့ကြပါတယ်။ အခြား Title Awards ဆုတွေကိုတော့ Miss Healty Skin Title Award ဆုနဲ့ ငွေကျပ် ၁၅ သိန်း ကိုတော့ ရန်ကုန်အလှမယ် နိုနိုကေ၊ Miss Best Swimsuit ဆု နဲ့ ငွေကျပ် ၅ သိန်း ကိုတော့ ဘားအံ အလှမယ် ဆွေဇင်ထက်၊ Miss Photogenic Title Award ဆု နဲ့ ငွေကျပ် ၁၀ သိန်းဆု ကိုတော့ မြိတ် အလှမယ် မွှေးသက် တို့က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Miss Universe Myanmar 2019 ရဲ့ National Costume ပြိုင်ပွဲကြီးကို မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီက Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ People Choice National Costume Award ဆုကိုတော့ တောင်ကြီးကိုယ်စားပြုအလှမယ် သက်တန့်ရွှေရည်နန်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ National Costume Top 5 ကိုတော့ မူဆယ်ကိုယ်စားပြုအလှမယ် မေရီ ထောင်းထောင်း ၊ ဖားအံ ကိုယ်စားပြုအလှမယ် ဆွေဇင်ထက် ၊ တာချီလိတ် ကိုယ်စားပြုအလှမယ် ဆုလက်နွယ်၊ မုံရွာကိုယ်စားပြု အလှမယ် မီမီဇင် ၊ ပုသိမ်ကိုယ်စားပြုအလှမယ် ဆုဆုစန္ဒီ တို့က ဆုရရှိခဲ့ကြတာဖြစ်ပါတယ်။ Best National Costume ဆုကိုတော့ မုံရွာကိုယ်စားပြုအလှမယ်က ရရှိပိုင်ဆိုင်သွားပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2013 ကိုတော့ အလှမယ် မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် Miss Universe Myanmar 2014 ကိုတော့ အလှမယ် သျှားထွဋ်အိန္ဒြာက ရရှိခဲ့တာပါ။ တတိယအကြိမ်မြောက် Miss Universe Myanmar 2015 ကိုတော့ အလှမယ် မေဘရဏီသော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

စတုတ္ထအကြိမ်မြောက် Miss Universe Myanmar 2016 ကိုတော့ အလှမယ် ထက်ထက်ထွန်းက ရရှိခဲ့တာပါ။ ပဉ္စမအကြိမ် Miss Universe Myanmar 2017 ကိုတော့ အလှမယ် ဇွန်သံစဉ်က ရရှိခဲ့ပါတယ်။ ဆဌမအကြိမ် Miss Universe Myanmar 2018 ဆုကိုတော့ အလှမယ် နှင်းသွေးယုအောင်က ရရှိပိုင်ဆိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က