သူဟာ တစ်ဦးတည်းသော သားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားသူပါ။

မယ်လိုဒီကတော့ အရမ်းလိမ္မာတဲ့သားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒီလို လိမ္မာအောင် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ အတွေ့အကြုံတွေကိုလည်း သူကပြောပြထားပါသေးတယ်။

Photo: Melody



သရုပ်ဆောင်မယ်လိုဒီက သားတစ်ယောက်ကို ထိန်းသိမ်းရာမှာ လိုအပ်တဲ့အကြောင်းအရာတွေကို မျှဝေပြောပြလာပါတယ်။ မိဘဖြစ်ရတာ လွယ်တော့ မလွယ်ပါဘူးတဲ့။

‘’မိဘဖြစ်ရတာ မလွယ်ပါဘူး။ သူတို့လေးတွေငယ်တုန်း ပြုစုစောင့်ရှောက် အချိန်ပေးရတယ်။ ဒါလည်း ငယ်တုန်းလုပ်ပေးခွင့်ရတာပါ။ ကြီးလာလို့ သားသမီးဆီက အချိန်လိုချင်ရင် ကိုယ်ပေးထားသလောက်တော့ ပြန်မရနိုင်တော့ဘူးလေ။ ဘာဘဲဖြစ်ဖြစ် မိသားစုကို ဟန်ချက်ညီညီထိမ်းရင်း ဘဝအနာဂတ်လှပအောင် တည်ဆောင်နိုင်တာလဲ မိဘတွေရဲ့စူပါပါဝါပါဘဲ။ အဘက်ဘက်က ဟန်ချက်ညီအောင်မထိမ်းနိုင်ရင်တော့ ပျော်ရွှင်ခြင်းလည်းရှိလာမှာ မဟုတ်ပါဘူး လွယ်တော့မလွယ်ဘူး ဉာဏ်ကောင်းရတာပေါ့’’ ဧပြီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Melody

သရုပ်ဆောင်မယ်လိုဒီမှာတော့ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့ ၄ နှစ်အရွယ် တစ်ဦးတည်းသော သားလေး သဒ္ဓိစစ် ရှိပါတယ်။ သဒ္ဓိစစ်ဟာ ကလေးလေးအရွယ်ကတည်းက လူချစ်လူခင်ပေါများသူဖြစ်သလို၊ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အများကြီး ရှိလို့နေပါပြီ။ လက်ရှိမှာတော့ ပညာရေးလည်း ဦးစားပေးနေရသလို တီဗီကြော်ငြာလေးတွေလည်း ရိုက်ကူးထားတာ တွေရှိပါတယ်။

Photo: Melody

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Melody

မယ်လိုဒီ(Melody)ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က